![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. It Ain't Fascinating
"ဝီလီယမ် ဘယ်လိုဖြစ်လို့များအဲဒီလောက်တောင်အပြင်ထွက်ချင်နေရတာလဲ ကလေးရယ်"
"အိမ်ထဲမှာပဲနေရတာအရမ်းပျင်းလို့ကောင်းလို့ပါ ဒေါ်လေးရဲ့ ခဏပဲလေနော် အရင်လို
အကြာကြီးမနေပါဘူး""ကဲ ကဲ အဲ့တာဆိုလဲသွား အကြာကြီးမနေဘူးပြောထားတာကိုသတိရနော်"
ဝီလီယမ်ဒေါ်လေးဆီကခွင့်ပြုချက်ရပြီးတာနဲ့ အိမ်ပြင်ကိုပြေးထွက်လိုက်တယ်။တစ်မနက်လုံးဒေါ်လေးနားကမခွာဘဲဂျီကျမိတာ အသုံးတော့ဝင်သားပဲ။
သွားနေတဲ့လမ်းတစ်လျှောက်ဝီလီယမ့်ခြေလှမ်းတွေကမြေကြီးနဲ့ခြေထောက်မထိတော့သလိုခံစားရပြီး နွေဦးလေပြေရဲ့လတ်ဆတ်မှုကိုလဲသိသိသာသာခံစားရတာ
မလို့အလိုလိုစိတ်ကကြည်လာသည်။ကြည်လင်နေတဲ့စိတ်နဲ့ဆက်သွားရင်း
တောင်ကုန်းနားရောက်တာနဲ့မျှော်လင့်ချက်သေးသေးလေးပေါ်လာတာမလို့ခြေသံဖွပြီးလျှောက်သွားလိုက်ပေမဲ့ဘာမှမရှိတဲ့နေရာလွတ်ကဆီးကြိုနေတဲ့အခါတော့
ဝီလီယမ်စိတ်ပျက်သွားမိသည်။မက်ဂယ်ဂျေးကတကယ်ပျောက်ချက်သားကောင်းနေတာပဲ။
ဒါပေမဲ့လဲ ရောက်လာလို ရောက်လာငြားဆိုပြီးစောင့်နေလိုက်ဖို့မြက်ခင်းတွေကြားလှဲအိပ်ချလိုက်တယ်။ဒေါ်လေးကိုတော့အကြာကြီးမနေဘူးလို့ပြောထားခဲ့ပေမဲ့နည်းနည်းကြာလို့လဲဘာမှတော့မဖြစ်လောက်ပါဘူး။
ဝီလီယမ်စိတ်အေးလက်အေးနဲ့စောင့်နေတုန်း
လေအေးအေးရဲ့အထိအတွေ့ကဝီလီယမ့်
ရဲ့အိပ်ချင်စိတ်ကိုတဖြည်းဖြည်းဆွဲထုတ်နေတာမလို့ ထိန်းနေတဲ့ကြားကနေမျက်လုံးတွေမှေးကျလာတယ်။
![](https://img.wattpad.com/cover/366036254-288-k760396.jpg)