˚☽˚。⋆

149 46 10
                                    

IT AIN'T FASCINATING

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

IT AIN'T FASCINATING

သတိပေးစကားကိုကြားရပြီးကတည်းက
ဝီလီယမ့်ရဲ့နေ့ရက်တွေကိုအိမ်ထဲမှာပဲကုန်ဆုံးရတော့တယ်။သူလုပ်နေကြအလုပ်တွေကိုလဲဒေါ်လေးပဲလုပ်ပြီးသွားနေကြနေရာကိုလဲသွားခွင့်မရတော့။

တစ်လတာဆိုတဲ့အချိန်ကမပြောပလောက်ပေမဲ့ အဲဒီတစ်လအတွင်းဝီလီယမ်ရဲ့ပျင်းရိမှုတွေကိုပုံထားရင် သာမန်ထပ်မြင့်တဲ့တောင်တစ်တောင်ဖြစ်နေလောက်ပြီ။

သူ့ကိုမြင်တာနဲ့အသံပေါင်းစုံပေးတတ်တဲ့ဝက်တွေကိုလဲလွမ်းသလို သူရိတ်လာတဲ့မြက်ထုံးတွေကိုစားချင်သလောက်စားပြီးစားမြုံ့ပြန်နေမဲ့နွားတွေကိုလဲပြေးတွေ့ချင်လာတယ်။

အဲဒါတွေအားလုံးထဲမှာမှမက်ဂယ်ဂျေးနဲ့မတွေ့ရတာကအဆိုးဆုံးပဲ။သူ့အတွက်တစ်‌ဦးတည်းသောစကားပြောဖော်ဖြစ်ခဲ့တာကိုအခုတော့ဝီလီယမ်တစ်ယောက်တည်းစကားပြောရမဲ့အခြေအနေဖြစ်နေတယ်။

"ဝီလီယမ် ဝီးစလေ"

ဝီလီယမ်တစ်ယောက်တည်းအတွေးများနေတုန်းသူ့နာမည်ကိုခေါ်လာသံကိုကြားရတာမလို့ကြက်သီးထသွားတယ်။သူ့ကိုနာမည်အပြည့်အစုံခေါ်တာဘယ်သူမှမရှိပါဘူး။
အဲ့ဒါအပြင်ဒေါ်လေးအပြင်ရောက်နေတဲ့အခုချိန်ကြီးမှာမှရောက်လာတာဘယ်သူများဖြစ်နေမလဲဆိုတဲ့စိတ်နဲ့ဝီလီယမ်နည်းနည်းလန့်သွားတယ်။

အသံကပြတင်းပေါက်အပြင်ဘက်ကထွက်လာတာသိပေမဲ့လိုက်ကာကိုလှန်ကြည့်ဖို့ရာကနည်းနည်းစွန့်စားရာကျနေတာကြောင့်အိပ်ရာပေါ်ကနေပဲလှမ်းမေးလိုက်တယ်။

"ဘယ်သူလဲ"

ဝီလီယမ်အသံကိုမြှင့်ကာမေးလိုက်ပေမဲ့ ပြန်ဖြေသံကထွက်မလာ။

It Ain't Fascinating /SUNJAYWhere stories live. Discover now