... အခုတစ်ခါမှာတော့
မင်းကို လုံးဝ အထိခိုက် မခံနိုင်တော့ဘူး
လွယ်။***
လအနည်းငယ် ကြာသောအခါ...
မြို့ရဲ့ စျေးတစ်နေရာ...
"ရာဇာ... ငါ ဒီလောကနေ ထွက်တော့မယ်...။"
ရုတ်တရက် ပြောလာသည့် အစ်ကိုကြီးရဲ့ စကားကြောင့် အနည်းငယ်မျှ ကြောင်အ သွားရလေပြီ။
တကယ်ပဲ ပြောနေသည်လား... စ ပဲ စနေသည်လား... အနည်းငယ် အကဲခတ်ကြည့်မိတော့ တကယ့် အတည်ကြီး ပြောနေသည်မို့ ကျွန်တော်လည်း...
"ဟုတ်ကဲ့... အစ်ကိုကြီး ဆန္ဒ မရှိတော့ရင်လည်း ကျွန်တော် မတားပါဘူး။ အစ်ကိုကြီး မလုပ်တော့ရင် ကျွန်တော်လည်း နားတော့မယ်... အဲ့ဒီလောက ကနေ ထွက်လိုက်တော့မယ်..."
စိတ်ဆုံးဖြတ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်မိတော့... အစ်ကိုကြီးက...
"မင်း... ဘာကိုမှ complain မတက်တော့ဘူးလား...။"
"ဒါက အစ်ကိုကြီး အမှန်တကယ် လိုချင်တဲ့ အရာဆိုရင် ကျွန်တော် ပြောစရာ မလိုပါဘူး။ ကျွန်တော် အားပေးနေပါတယ် အစ်ကိုကြီး။"
"ကဲ... ထားပါတော့...။ ငါ အလုပ်နားသွားရင် မင်းက ဘယ်သူနဲ့ နေမှာလဲ။ မင်းလည်း ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် အိမ်ထောင်ပြုလို့ ရတာပေါ့ ဟုတ်ပြီလား။"
ထိုအချိန်မှာတော့ ရာဇာက မိမိကို တစ်ချက်ကြည့်လာပြီး...
"အဲ့လိုမျိုး... အိမ်ထောင်ပြုဖို့ ကျွန်တော် မတွေးရသေးပါဘူး။ ပြီးတော့ ဒီလောက် ကျွန်တော့်လက်မှာ သွေးစွန်းနေတဲ့သူကိုလည်း ဘယ်သူမှ လက်ထပ်ချင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော့်မှာ မိသားစုလည်း မရှိဘူး။"
"ဒါဆို... မင်းက ဘယ်သွားဖို့ ရည်စူးထားတာလဲ..."
ထိုအချိန်မှာတော့ ရာဇာက သက်ပြင်းတစ်ချက် ချလိုက်ပြီး...
"အစ်ကိုကြီး... အစ်ကိုကြီး ဒီလောကထဲက ထွက်ချင်တာ... အစ်ကိုကြီး သဘောကျနေတဲ့ လူတစ်ယောက်ကြောင့်လား။"

YOU ARE READING
Being captured by Green.. (ongoing)
Randomအစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း