အပိုင်း (၁၆)

1.4K 115 7
                                    

...Maybe you think that you can hide
You can stay away from me.
I can smell your scent for miles
Just like animals
Animals

****

(.....) ဒေသ...

နံနက်ပိုင်း...

နံနက်စောစောပိုင်း စိုက်ခင်းများဆီ သွားပြီး မမနှင့် နှစ်ယောက် အခြေအနေကို သွားကြည့်ကြသည်။ အအေးဓာတ်လွန်ကဲသည့် ဒေသမို့ အခုလို နံနက်ပိုင်းဆို ခဲမတတ် ရှိနေသည်။

နှစ်ယောက်သား ပလိုင်းကို တစ်ယောက်တစ်လုံးစီ လွယ်ကာ တောင်ကြားမှ လမ်းကျင်းကျင်းလေးတွေ အတိုင်း... လျှောက်နေမိသည်။

မြူခိုးများ စိုင်းကာ မှိုင်းဝေနေသည့် မနက်ပိုင်းမှာတော့ အရာရာသာ တိတ်ဆိတ်ပြီး တောကောင် ငှက်သံတစ်ချို့များဖြင့်သာ စည်ကားနေသည်။

မမကတော့ နံဘေးမှာ ခပ်သွက်သွက်လျှောက်ပြီး အတွေးများနေဟန် ရှိသည်မို့...

"မမ..."

တစ်ချက်ခေါ်လိုက်မိတော့ ချက်ချင်းဆိုသလိုပင် သူမက ကျွန်တော်ရှိရာဘက်သို့ လှည့်ကြည့်လာသည်။

"ဟင်... ယုန်ကလေး... ပြောလေ..."

"မမ... ဘာတွေ တွေးနေတာလဲ... မမ ဆီမှာ စိတ်ညစ်စရာများ ရှိနေလို့လား။"

ထိုအချိန်မှာတော့ မမက သက်ပြင်းတစ်ချက်ကို ခိုးချလိုက်ပြီး...

"ဒီအတိုင်းပါ... မမ စဥ်းစားနေတာ။ ဟိုနေ့က မမတို့ မြို့ကို စျေးရောင်းပြီး အဝတ်သွားဝယ်တော့လေ... မမတို့နောက်ကို နောက်ယောင်ခံလိုက်မယ့်သူ ရှိတယ်... ယုန်ကလေး။"

မမဆီက အနည်းငယ် စိုးရိမ်ပူပန်နေသည့် အသံကို ကြားရချိန်မှာတော့ ကျွန်တော်လည်း အနည်းငယ် ထိတ်လန့်မိသည်။

ထိုအရာက ဓားပြတွေလား...
ဘယ်လိုအကြောင်းအရာကြောင့် ကျွန်တော်တို့နောက် လိုက်နေတာလဲ။

ပိုက်ဆံကိစ္စဆိုရင် အနည်းငယ် တော်သေးပေမယ့်... အသက်ကိုပါ ရန်ရှာနေရင် ဘယ်လိုလုပ်နိုင်မလဲ။ ကျန်တာထက်...မမ...
မမကိုတော့ မထိခိုက်စေချင်... မမက သူနဲ့ လူကြီးချင်း စေ့စပ်ထားသည့် လူက ရှိနေသည်။

နှစ်နှစ် ကြာရင် လက်ထပ်ရမှာမို့ မမ ကိုတော့ ဘာကိုမှ မဖြစ်စေချင်။ ဒါကြောင့် နောက်ဆုံး အသက်အန္တရာယ်နဲ့ နောက်ဆုံး ရင်ဆိုင်လိုက်ရ ရင်တောင်... မမကိုတော့ ကာကွယ်ရမည် ဖြစ်သည်။ ကျွန်တော့်အသက်နဲ့ပဲ ရင်းရ ရင်းရပင်။

Being captured by Green.. (ongoing)Where stories live. Discover now