အပိုင်း (၁၉)

1.2K 84 9
                                    

... လွယ် ...

****

ယခင်အပိုင်းမှ အဆက်...

"ကျွန်တော် ပြန်ရတော့မယ်... အစ်ကိုကြီး...။ အချိန်မနည်းတော့ဘူး။ ညနက်နေပြီမိုလို့လေ..."

"နေပါဦးကွာ... ရာဇာ ရာ...။ နောက်မကျသေးပါဘူး။ နောက်ကျရင်လည်း ငါ ကိုယ်တိုင် မင်းကို လိုက်ပို့ပေးမယ်။"

"ရပါတယ် အစ်ကိုကြီးရာ... အဲ့ဒါက ပိုပြီး အန္တရာယ် ရှိပါတယ်။ ကျုပ်တစ်ယောက်တည်း ပြန်တာက အဆင်ပြေပါတယ်။"

"နေပါဦးကွာ... ဒီလောက် နှစ်တွေအကြာကြီးမှ ပြန်တွေ့ပြီး စကားပြောရတာ...။ ရာဇာ.. ငါလိုက်ပို့မယ်... မင်း နောက်ထပ် ဘာမှမပြောတော့နဲ့။"

အစ်ကိုကြီးကတော့ ထုံးစံအတိုင်းပင် ကျွန်တော့်ကို သွားဖို့ မပြောပေမယ့် တကယ်တမ်းက သူကိုယ်တိုင်ရဲ့ လုံခြုံရေးက အရေးကြီးဆုံးပင် ဖြစ်သည်။

အခုက သူကိုယ်တိုင် ကိစ္စပေါင်းများစွာကို ကိုင်တွယ်နိုင်ခဲ့သည့် လူဖြစ်ပေမယ့်... တကယ်တမ်းကျတော့... ပြဿနာအကြီးစား ဖြစ်သည်။ သူ့ရဲ့ လုပ်ကွက်တွေကြောင့် စိတ်ပူစရာတော့ မဟုတ်ပေမယ့်... အခုအခြေအနေက ချောင်းမြောင်းတိုက်ခိုက်မှုတွေက ကြောက်စရာအကောင်းဆုံး ဖြစ်သည်မို့။

"အစ်ကိုကြီး နားထောင်ပါ.... ကျုပ်ကို အခု ပြန်ခွင့်ပြုပါ။ နောက်နေ့တွေမှာလည်း အစ်ကိုကြီးနဲ့ ဆက်သောက်လို့ ရတယ်လေ။"

အနည်းငယ် ဖြောင့်ဖျပြီး ပြောဆိုလိုက်ချိန်မှာတော့... ရုတ်တရက်ဆိုသလို... အနားကို တိုးလာသည်။ ဇက်ပိုးကို အရမ်းမပျော့မပြင်း အုပ်ခံလိုက်ရပြီး...

"... ရာဇာ.. ငါ့ချီး... ဘာတုန်း မင်းက ငါမူးတယ်ထင်ပြီး ငါ့ကို ကလေးချော့သလို ချော့နေတာလား။ သွားတော့... မနက်ဖြန်မှ အစီစဥ်ကို တစ်ချက်ပြောရအောင်။"

ရုတ်တရက်ဆိုသလို အခြားလူတစ်ယောက်လို ​ပြောင်းလဲသွားသည့် ဆရာတဖြစ်လည်း အစ်ကိုကြီးကို ငေးကြည့်ကာ နားကို မလည်နိုင်တော့...

ဒါပေမယ့် ဒီလိုမျိုး အစ်ကိုကြီးကို ခန့်မှန်းလို့ မရတာမျိုးကလည်း တစ်မျိုးတစ်ဖုံ စိတ်ချရပြီး သူ့ဗျုဟာဖြစ်သည်မို့ စိတ်အေးသက်သာရာ ရကာ သက်ပြင်းကို ဖွဖွ ချမိသည်။

Being captured by Green.. (ongoing)Where stories live. Discover now