... Captured...
***
ယခင်အပိုင်းမှ အဆက်...
"မင်းကိုယ်မင်း... သိပ်ကို ဟုတ်လှပြီ မထင်နဲ့... ရှားမီးခဲ။ ငါ့ဆီမှာ မင်းလိုလူတစ်ယောက်ကို သတ်ဖို့... နည်းလမ်းပေါင်းစုံ ရှိတယ်။"
"Warmly welcome , Mr Joe."ထိုအချိန်မှာတော့ Mr Joeမျက်နှာက မဲနက်ညိုပုပ်သွားပြီးသည့်နောက် ဒေါသနှင့်အတူ သူကိုယ်တိုင် သေနတ်ဖြင့် မိမိဆီသို့ ချိန်ရွယ်လာသည်။
"အဟမ်း... ဘယ်လိုတောင် သေနတ်ကြီးနဲ့ လူကို တည့်တည့် ချိန်ရွယ်နေတာလဲဗျာ...။ အေးအေးဆေးဆေး ပြောလို့ ရပါတယ်... Mr Joe"
အပြုံးတစ်ခုနှင့်အတူ ခနဲ့တဲ့တဲ့ ပြောလိုက်သည့် အချိန်မှာတော့ Mr Joeက ဒေါသပိုထွက်သွားပြီးသည့်နောက်... ဆက်တိုက်ဆိုသလို ပစ်ခတ်တော့သည်။
ထိုအချိန်မှာတော့ စားပွဲပေါ်မှ... တည်ခင်းထားသည့် အရာအားလုံး အပြင်... အခန်းထဲမှာ ဝန်ဆောင်မှု ပေးနေသည့် ဟိုတယ်ဝန်ထမ်းများကတော့ ပုန်းခိုဖို့ နေရာတစ်ခုကိုသာ ရှာဖွေနေကြသည်။
မိမိနောက်မှ ရာဇာကတော့ သေနတ်ကို ကိုင်ကာ တစ်ဖက်ကို ပြန်လည်ပစ်ခတ်ဖို့ ပြင်ပေမယ့်... လက်ဖြင့်ကာလိုက်ပြီး ရှောင်ပဲ ရှောင်ဖို့ ပြောလိုက်မိသည်။ ထိုအခါမှာတော့ ရာဇာက နားမလည်သလိုဖြင့်ပင် စိုးရိမ်စိတ်နှင့်အတူ ရှိနေပြီး...
"ဟိုဘက်က အသေသတ်နေတာ အစ်ကိုကြီး။ တော်ကြာ ကျုပ်ကို ထိတာက ကိစ္စမရှိဘူး အစ်ကိုကြီးကို ထိသွားရင် မကောင်းဘူး။"
"မင်းကလည်းကွာ... ငါ့ကိုယ်ငါတော့ စတေးမလား... သောက်ရမ်းfine နေတဲ့ ဒီလိုဘဲကြီး အခြေအနေကနေ ကူးပြောင်းမှာတဲ့လား။ နှာမျောစရာကွာ... ပြီးတော့ ငါ့မိန်းမကိုလည်း မတွေ့ခင် သေသွားစရာလား... အနည်းဆုံးတော့ သူ့ကို စုတ်ပြတ်သွားအောင် လုပ်ပြီးမှ သေသွားတယ်ဆိုရင်တောင် အသေကောင်းတယ် ပြောရမလား..."
"......."
ရာဇာကတော့ သူ့စိုးရိမ်စိတ်ကို လှောင်နေဟန် ရှိနေသည့် ကိုယ့်ကြောင့် မျက်နှာက ချက်ချင်း တည်သွားပြီး ဘာမှကို မပြောတော့...။ ထိုအချိန်မှာတော့ သဘောကျစွာ ရယ်မောလိုက်ပြီး....

YOU ARE READING
Being captured by Green.. (ongoing)
Randomအစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း