{Unicode}... ငါက မင်းထဲ ထည့်လိုက်ရင်... မင်းက တုန်ဆင်းခါဆင်းပြီး... အသက်ထွက်သွားမှာ..။
****
(N- ကြားရခက်တဲ့ စကားလုံးများ ပါနိုင်ပါတယ်ဗျ)
ညနေပိုင်း...
ကျောင်းဆင်းပြီး အပြင်ထွက်လာချိန်မှာတော့ ဖုန်းထဲက ချိန်းဆိုထားသည့် နေရာကို တဖြည်းဖြည်း သွားမိတော့သည်...။
ဒီရက်ပိုင်း သူ့ကိုမတွေ့ရကတည်းက သူ ဒီကို ပြန်မလာတော့ဘူးလို့ ထင်ခဲ့မိတာပင်...။ အခုတော့ ဘယ်လိုဖြစ်ပြီး ရောက်လာသည်လဲ မသိတော့...။
သူ့ကို တွေ့ရမှာ... သရဲ သဘက်များကို တွေ့ရသည်ထက် ပိုကြောက်မိသည်...။ မျက်နှာပေါ်မှာ ဒဏ်ရာ ဒဏ်ရာရှိနေသည့် သူသည် ကျွန်တော့်ထက် အသက် ၁၇နှစ် ကွာသည့် လူကြီးပင် ဖြစ်သည်...။
သူ့ခန္ဓာကိုယ်က ကျစ်လစ်တောင့်တင်းနေပြီး ရှည်လျားသော အရပ်ရှိသည်...။ အမြဲတမ်း စီးကရက်အနံ့ ခပ်သင်းသင်းနှင့်အတူ... ခါးသက်နေသည့် ရနံ့များက သူ့ဆီက ရသည်...။
ခါးသက်သည့် ရနံ့များက ကျွန်တော့်ကိုပိုပြီး ခေါင်းခဲစေသည်။ မကြာမီပင် ထိုလူချိန်းထားသည့် နေရာနှင့် တဖြည်းဖြည်း နီးလာသည်မို့ လမ်းဘေးအကွယ် တစ်နေရာမှာ ရပ်ထားသည့် ကားအနက်ကို တွေ့လိုက်မိသည်။
ကားက တစ်မျိုးပြီးတစ်မျိုး ပြောင်နေသည်မို့ ကျွန်တော် သိပ်ပြီး မမှတ်မိ။ ဒါပေမယ့် သူပို့လာသည့် Location အရတော့ အဲ့ဒီနေရာက လွဲပြီး မရှိတော့...။
ထိုနေရာသို့ တဖြည်းဖြည်း ရောက်လာပြီးသည့်နောက် နောက်ခန်းတံခါးကို နံဘေးမှာ ရပ်လိုက်မိသည်။
ထိုအချိန်မှာတော့ ထိုသူက ကားတံခါးဖွင့်ကာ ထွက်လာသည်။ ဘာမှမပြောဘဲ သူ့လည်ပင်းမှ necktie ကို ဖြုတ်ကာ ကျွန်တော့် လက်နှစ်ဖက်ကို စည်းနှောင်သည်။ ထို့နောက် ကျွန်တော့်ခန္ဓာကိုယ်ကို မ ကာ ကားနောက်ခန်းထဲသို့ တင်ကာ တံခါးကို ပိတ်သည်။
ထို့နောက် ကားက အရှိန်နှုန်းမြန်မြန်ဖြင့် လှုပ်ရှားသွားသည်ကို သတိထားမိသည်...။ ၁၅မိနစ်အကြာမှာတော့ ကားစက်သံရပ်သွားပြီး ကားနောက်ဖုံးတံခါးက ဖွင့်လာကာ အထဲက ကျွန်တော့်ကို သူက ခေါ်ထုတ်လာသည်...။

YOU ARE READING
Being captured by Green.. (ongoing)
Randomအစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း