... ဟုတ်တယ် မင်းက ငါ့ရဲ့...
***
ယခင်အပိုင်းမှ အဆက်...
"... မနက်ပိုင်းက ငါ မင်းဆီကို လာတာကို သိနေလို့ ရှောင်နေခဲ့တာ မလား..."
ထိုအသံ...
ထိုအသံကို ကြားရစဥ်မှာတော့ ကျွန်တော် အနည်းငယ် တုန်လှုပ်သွားသလို ခံစားမိသည်။ ရင်းနှီးသလို ရှိနေပေမယ့်... သူက ဘယ်သူလဲဆိုတာ လုံးဝစဥ်းစားလို့ မရ... ကြာတော့ ထိုအရာကို ရှောင်လွှဲနိုင်ဖို့အတွက်..."ဟုတ်ကဲ့... အဲ့ဒီလို ဖြစ်သွားပါတယ် ဆရာ။ တကယ်တော့ ကျွန်တော်က စိုက်ခင်းဘက်က ကိစ္စ ရှိသွားလို့ပါ။ ဒါပေမယ့်..ကျွန်တော့်ရဲ့ service နဲ့ပတ်သတ်ပြီး အနှောက်အယှက် ဖြစ်သွားရင် အဲ့ဒီအချက်တွေကို ပြင်ပါ့မယ်ဗျ။ ပြီးတော့ ဆရာ အဆင်ပြေလောက်တဲ့ ဖြေရှင်းချက်မျိုးကိုလည်း မန်နေဂျာနဲ့တိုင်ပင်ပြီး သေချာလေး ဖြေရှင်းပေးပါ့မယ်ဆရာ..."
ထိုအသံကို ထိန်းပြီး ပြောလိုက်ပေမယ့် တစ်ဖက်က အခြေအနေကို အကဲခတ်နေမိသည်။ တကယ်တမ်း သူ့ရဲ့ အခြေအနေနှင့်အတူ သူဌေးကိုယ်တိုင်က အရေးထားသည့် ဧည့်သည်မို့... ဒီလူက ဘယ်အတိုင်းအတာ ရှိနေလဲ ကျွန်တော် သတိထားမိသည်။
သူက သူဌေးနှင့် ရင်းနှီးပြီး ချစ်ခင်သော အနေအထား မဟုတ်ဘူးဆိုရင် နောက်တစ်နည်းက သူဌေးကတောင် ရှိန်လောက်သည့် အနေအထားဖြင့် ရှိနေသည့်သူ...
ဒါကြောင့် ကျွန်တော်လည်း တတ်နိုင်သမျှ ထိုသူနှင့် personal အရ ထိပ်တိုက်မဆုံဘဲ ဒီဟိုတယ်ရဲ့ ဝန်ထမ်းရေးရာ အပိုင်းနဲ့ ကိုင်တွယ်ဖို့ကို တွေးမိသည်။
ဒီအတိုင်း ကျွန်တော်ကတော့ နေရာမှာ မြဲမြံစွာ ရပ်နေပေမယ့် သူကတော့ တဖြည်းဖြည်းဖြင့် ကျွန်တော့်ဆီသို့ လျှောက်လမ်း လာနေသည်။
တတ်နိုင်သမျှ အကြည့်တို့ကို ရှောင်လွှဲနေမိသည်။ ပြီးတော့ အရေးပေါ်အနေနဲ့... အပြင်ကလူတွေကို အကူအညီတောင်းနိုင်ဖို့ မန်နေဂျာအစ်မ ပြောထားသည့် အတိုင်းပင် သတိကြီးကြီး ထားမိသည်။
သူ့အတွက် ယူဆောင်လာသည့် အစားအသောက်ပွဲများကို သေချာလေး ပြင်ဆင်ပေးနေမိသည်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ နီးကပ်လာမှုနှင့်အတူ သူ့ထံမှ ရရှိနေသည့် ရနံ့ရဲ့ လှုံ့ဆော်မှုက ကျွန်တော် ဘယ်လိုတောင် ရှိနေနိုင်မိသည်လဲ မသိတော့...

YOU ARE READING
Being captured by Green.. (ongoing)
Randomအစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း