...နောက်တစ်ခေါက်သာ
ပြန်ဆုံဖြစ်ခဲ့ရင်
မင်းကို ငါဘာတွေ လုပ်မိမယ်မှန်း မသိဘူး....****
နံနက် တစ်နာရီ...
ညဥ့်လေအေးအေးနှင့်အတူ မီးပွိုင့် signalများကလည်း သိပ်ပြီး နေ့ဘက်တွေလို မရှုပ်သည်မို့ လွတ်လွတ်လပ်လပ် မောင်းနေမိသည်။
မိနစ်အနည်းငယ် အကြာမှာတော့ god father နေထိုင်ရာ အိမ်ဝန်းရှေ့ကို ရောက်ချိန်မှာ ကားဟွန်းသံနှစ်ချက်ကို တီးလိုက်မိသည်။ ဒါက ဒီလောကအတွက် signal ဖြစ်သည်။ နှစ်ချက်ထက် ပိုသာပြီး မတီးရ... တီးရင်လည်း emergency case မို့ အလုံးအရင်းနဲ့ ရောက်လာမည် ဖြစ်သည်။
အချိန်ကြာသည့် အထိ ထွက်မလာတာမို့ စိတ်မရှည်တာမို့ နောက်တစ်ကြိမ် ထပ်ပြီးတီးလိုက်မိသည်။
ထိုအချိန်အထိ တံခါးက ဖွင့်မလာသည့် အချိန်မှာတော့ အရှိန်မြင့်ကာ ဝင်ကျုံးလိုက်မိသည်။ အရှိန်က အမြင့်ဆုံးအထိ တင်ထားပေမယ့် ဒုန်းခနဲ တိုက်မိပြီး နောက်ပြီး တံခါးလာဖွင့်သည့် god father ရဲ့ တပည့်တစ်ယောက်ကိုတောင် တိုက်မိတော့မလို...
မျက်မှောင်ကို ကျုံ့ကာ တံခါးကို ဖွင့်တာ နောက်ကျနေသည့် god fatherရဲ့ တပည့်တစ်ယောက်ကို ကြည့်လိုက်မိသည်။ တံခါးအဝမှာတော့ God father ရဲ့ လက်အောက်ခံတပည့်များက မိမိ့ကို ခေါင်းတောင် မော့မကြည့်ရဲသည့်အထိ...
ကားကို အိမ်ရှေ့က တစ်နေရာမှာပင် ရပ်တန့်ထားလိုက်ပြီးသည့်နောက်... ကားထဲမှ ထွက်ကာ တံခါးကို ပြန်ပြီးပိတ်လိုက်မိသည်။
ထို့နောက် လက်ထဲမှာ ယူလာသော ပစ္စည်းနှင့်အတူ God father ရှိရာသို့...
သူရှိနေကျ လုပ်ငန်းကိစ္စ စီစဥ်ဆောင်ရွက်နေသည့် အခန်းထဲမှာ ရှိဖွေနေပေမယ့် မတွေ့မိတာမို့... အိမ်အပေါ်ထပ်မှ သူ့အိပ်ခန်းရှိရာသို့...
တံခါး လက်ကိုင်ကို အနည်းငယ် လှည့်ပြီး ဖွင့်ပေမယ့် မရသည့်အဆုံးမှာတော့ တံခါးကို ခြေထောက်ဖြင့် ဆောင့်ကန်ကာ ဖွင့်လိုက်မိသည်။
ပွင့်သွားသည့် တံခါးကနေ အခန်းထဲကို ဝင်သွားချိန်မှာတော့... ကုတင်ပေါ်မှာ သာယာမှု ကိစ္စအပြည့်အဝကို ဆောင်ရွက်နေပုံရသည့် God father...

YOU ARE READING
Being captured by Green.. (ongoing)
Randomအစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း