အပိုင်း (၁၁)

2.4K 137 14
                                    

{Unicode}

... လူတိုင်းထက်
တစ်ကွက်လောက် ကြိုမမြင်ရင်
ငါက ဒီလောကမှာ ဘယ်လိုမျိုး
ရပ်တည်နိုင်မှာလဲ?...

***

ရက်အနည်းငယ် အကြာ...

"ဆရာ... ဒါက ဒီနေ့ ပါသွားတဲ့ ပစ္စည်း စာရင်းပါ။ ဟိုဘက်ကိုလည်း အချိတ်အဆက် လုပ်ထားပါတယ် ...။"

ရာဇာလာပြသည့် ပစ္စည်းစာရင်းကို တစ်ချက်ကြည့်ကာ...

"လမ်းကြောင်းကရော..."

"ဒီမှာပါ ဆရာ.... ပြီးတော့ အတတ်နိုင်ဆုံး safe ဖြစ်မယ့် နည်းလမ်းကို ရွေးထားပါတယ်..."

ရာဇာပေးလာသည့် လမ်းကြောင်းကို တစ်ချက်ကြည့်ကာ သုံးသပ်နေမိသည်။

"မိသွားရင် မကောင်းဘူး... ပစ္စည်းလည်း ဆုံးရှုံးသလို... မီးခိုးကြွက်လျှောက် အာရုံနောက်စရာတွေက လာမှာ...။"

"ဟုတ်ကဲ့ ဆရာ... သေချာလေးတော့ ဆရာပြောထားတဲ့အတိုင်း စီစဥ်ထားပါတယ်... ။ ဒါပေမယ့် ဆရာ... ဒီရက်ပိုင်း အပြင်သွားရင် သတိဝီရိယနဲ့ သွားဖို့ လိုမယ် ထင်တယ် ဆရာ..."

"ဘာလို့လဲ?"

"ကျွန်တော့်စိတ်ထင်... ဒီရက်ပိုင်း တစ်ခုခုက ကျွန်တော်တို့နောက် လိုက်နေသလို ခံစားရလို့ပါ.."

ထိုအချိန်မှာတော့ ပြုံးရုံသာ ပြုံးလိုက်မိပြီး... ထိုင်နေရာမှ ထ ကာ ပြတင်းပေါက်ဆီသို့...။ အဝေးက မြင်ကွင်းတစ်ခုကိုသာ ကြည့်မိလိုက်ပြီး စီးကရက်တစ်လိပ်ကို သောက်ဖို့ ပြင်နေမိသည်။

ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ရှိုက်ဖွာလိုက်ရင်း... စိတ်ပူနေဟန် ရှိသည့် ရာဇာ့ဘက်ကို တစ်ချက်ကြည့်ကာ...

"ရာဇာ... အဲ့ဒီကောင်က ငါ မျှားထားတာ..."

"ဗျာ?"

ရာဇာက နားမလည်ဟန် ရှိနေသည်မို့ ပြုံးရုံသာ ပြုံးလိုက်ပြီး စားပွဲဆီသို့ ပြန်လာမိသည်။ ထို့နောက် စားပွဲပေါ်မှ ဆေးလိပ်ပြာခွက်ပေါ်မှာ ဆေးလိပ်ပြာကို ခြွေလိုက်ပြီး... ခုံပေါ်သို့ ပြန်ထိုင်လိုက်မိသည်။

"အဲ့ဒီတစ်ယောက်အကြောင်းကို စိတ်ပူစရာ မလိုဘူး။ ပထမဆုံး အနေနဲ့... ဒီတစ်ယောက်ရဲ့ အုပ်ထိန်းသူကို ငါ့ဆီ ခေါ်လာခဲ့ပေး...။"

Being captured by Green.. (ongoing)Where stories live. Discover now