Part 1

13.8K 177 0
                                    

ချစ်သူ ဖန်ဆင်း တဲ့ အတ္တ နန်းတော်
Part 1

နိုးလျှင် နိုး ခြင်း အသိမှာ အဖြူရောင် မျက်နှာကျက် ကို မြင်လိုက်ရသည်။
မရင်းနှီးသော အနံ့အသက်၊ မရင်းနှီး သော အပြင်အဆင် ကြောင့် ပထမဆုံး တွေး မိသော အတွေး မှာ သူမ ဘယ်ရောက် နေလဲ ဟူ သော မေးခွန်း ဖြစ်သည်။

လှဲအိပ်နေရာ မှ ဆတ်ခနဲ ခေါင်းထောင် လိုက်တော့ ခေါင်းထဲ ရီဝေဝေ ဖြစ်သွားသည်။ အမဲရောင် အခန်းကျယ် ကြီး ထဲ ပရိဘောဂ တွေ က အစ luxury ဆန်လွန်း ကာ အိပ်ခန်း နဲ့ တောင်မတူ၊ သူမ တို့ ရန်ကုန် တိုက်ခန်း နှစ်ခန်း စာလောက် ကျယ်လွန်း လှသော အခန်း ကြီး၏ ရှေ့ မျက်နှာစာကို မှန်ချပ်ထူကြီး များ ဖြင့် ကာ ရံ ထားသည်။

ပုံစံ က နိုင်ငံခြား က သစ်တော ထဲ သဘာဝ ပတ်ဝန်းကျင် ရဲ့ အလှတရား ကို ခံစားဖို့ တမင်ဆောက်လုပ်ထား သည့် ဇိမ်ခံ အိမ် မျိုး ဖြစ်နိုင်သည်။

တစ်ခန်းလုံး နက်စွေး  အေးစက် နေသည့် အမဲရောင် အခန်း ကြီး ထဲ သူမ ခေါင်း တွေ ရီဝေ မူးနောက်လာ ကာ မစဥ်းစား တက်အောင် ဖြစ် ရလေသည်။

မနေ့က MV (music video) ရိုက်ကူးရေး အတွက် signature တွင် client တစ်ယောက်နဲ့ တွေ့ ပြီး ပြန်လာတော့ ညနေ စောင်း နေချေပြီ၊သူမ တစ်ယောက်ထဲ ကားမောင်း ပြန်လာသည့် လမ်း တွင် ကား တစ်စီး က လမ်းကြောင်း ပြောင်းကာ ခေါင်းချင်း အတင်း ဝင်ချိတ် သော ကြောင့် ဆင်း ကာ စကား အနည်းငယ် ပြော ပြီး ကားပေါ် ပြန်တက် သည် အထိ သာ သူမ မှတ်မိ သည်။

အခု နိုးလာသော အခါ ရန်ကုန် မှာ ရှိခြင်း၊ မရှိခြင်း တောင် မသေချာ သည့် အိမ် ကြီး တစ်ခု ဆီ ရောက်ရှိ နေခဲ့သည်။

နာရီ ကို အမှတ်တမဲ့ ကြည့်လိုက်တော့ မနက် 9နာရီ၊ ဘေး ပတ်ပတ်လည် ကို ကြည့် တော့ ပြောင်သလင်း ခါ နေသည့် အခန်းထဲ ဆက်သွယ် နိုင်မည့် ဘာပစ္စည်းမှ ရှိမနေ။

သူမ ခေတ်မီ သော အဖြူ ရောင် တံခါး ကြီး ကို တဒုံးဒုံး ပြေး ထု ရန် ကြံ လိုက်စဥ် မှာ ပင် တံခါး က ချပ် ခနဲ ပွင့်သွားသည်။

အဖြူရောင် ရှပ် အကျီ နှင် အမဲရောင် စကတ် ကို ကျန စွာ ဝတ်ဆင်ထား သည့် မိန်းကလေး နှစ်ဦး သည် 5star hotel ကြီးများ တွင် အစားအသောက် များ ယူဆောင်လာလေ့ ရှိတက်သည့် တွန်းလှည်း ကလေး  ဖြင့် ဝင်လာ ကြသည်။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now