Part 21

2K 47 0
                                    

ချစ်သူဖန်ဆင်းတဲ့ အတ္တ နန်းတော်
Part 21

ပြသာနာ ဖြစ် ခဲ့ ပြီး မောင် ကလည်း တစ်နေကုန် ပြန်မလာ သလို ကျွန်မ လည်း မောင် ကို ph လည်း ဆက် မနေ ချင် တာ ကြောင့် ဆက်မနေ တော့ ဘဲ အိပ် ဘဲ နေလိုက်ပါတယ်။

နိုးလာ တော့ ည နက် နေ ပါပြီ။ နာရီ ကို ကြည့်လိုက်တော့ 7နာရီ ထိုးလု နီးပါး ဖြစ်နေပြီး။

အစာအိမ် သမား မို့ စိတ် ဖိစီး တာ တွေ များ တဲ့ အခါ အစာအိမ် က gas တွေ ထွက် လာ ပြီး ဗိုက် တွေ ထိုး အောင့် လာ တယ်။

အရင် ကတော့ တစ်ခါ တစ်ရံ မှသာ ဖြစ်လေ့ ရှိပေမဲ့ အခု တော့ မကြာခဏ ဆို သလို ဖြစ် နေပါတယ်။သေ လည်း အေး တာ ဘဲ ဆို တဲ့ စိတ် နဲ့ ပေတေ နေပေမဲ့ သိပ် အောက်မျက် လာ တော့ လည်း နာကျင်မှု ဝေဒနာ ကို မခံနိုင်တော့ တာ ကြောင့် ဆေး ထ သောက်လိုက်ရပါတယ်။

လီဗာ ကို အသား ကုန် နင်းပြီး ကြောက်စရာ အရှိန် နဲ့ ကား မောင်း သွား တဲ့ မောင် အကြောင်း တွေး မိလာ ပြန်တော့ အိပ် မပျော် နိုင် ဘဲ မောင် ပြန်အလာ ကို မျှော် နေမိပြန်ပါတယ်။ph ကို တကြည့်ကြည့် လုပ် နေ မိပြီး အရင် ဆက်ကြည့် လိုက် ရင် ကောင်းမလား လို့ လည်း တွေ့ မိပြန်တယ်။

ပြီး မှ အခန်းထဲ မှာ ဘယ်လို မှ ဆက်အိပ် မနေ နိုင်အောင် ပူလောင် လာတဲ့ စိတ် ကြောင့် အောက် ကို ဆင်း လာ လိုက်ပါတယ်။

အမေ နဲ့ အဖွား က မအိမ် ကြ သေး တာ ကြောင့် ဧည့်ခန်း ကျွန်မ ဆင်း လာ သံ ကြားတာ နဲ့ အခန်း ထဲ က ပြန်ထွက်လာ ကြပါတယ်။

"မောင် အတ္တကိုး ပြန်မလာသေးဘူးလား"

"ဟုတ်"

"ဘာ လို့ လဲ၊ အရင် က စနေ၊ တနဂ်နွေ ဆို အိမ် မှာ ဘဲ ရှိ တက်တဲ့ လူ က၊ သမီး တို့ တစ်ခုခု များ ဖြစ်ထား ကြသေးလား "

"ဟုတ်၊ စကား နည်းနည်း များ ထား လို့ပါ"

"အေးလေ၊ လင် မယား ဆို တော့ စိတ်အခန့် မသင့်တာ တော့ ရှိကြမှာ ဘဲ၊ ဒါပေမဲ့ ဒီလို အပြင်ထွက် တက်အောင် အကျင့် သွား လုပ် မပေး နဲ့ ကြယ်လေး၊ မေမေ ပြောတာ နားလည်လား၊ ယောကျ်ား လေး ဆိုတာ က အကျင့် ဖြစ်သွား ရင် မကောင်းဘူး"

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now