Part 6

2.3K 46 0
                                    

ချစ်သူ ဖန်ဆင်းသော အတ္တ နန်းတော်
Part 6

"ဘာ အထာ လဲ"

ကား ပေါ် မှာ ထိုင်နေပြီး ကျောက်ရုပ် တစ်ရုပ်လို့ တုပ်တုပ်မလှုပ်တဲ့ မိန်းမ ကို ကြည့်နေရင်း က သူ ထိန်းချုပ်မှု ကင်းမဲ့ လာသည့် ဒေါသ များဖြင့် ပုခုံး က နေ ဆွဲ ကိုင်လှုပ်ရမ်း ကာ မေး လိုက်မိသည်။

"ငါ့ စကား ကို သောက်ဂရုမစိုက် ဘူး ဆိုတဲ့ သဘောလား"

သူမ က မြင်တဲ့ အတိုင်း ဆိုသည့် ပုံ ဖြင့်ပြန်ကြည့်လာသည်။ ထို အကြည့်ကြောင့် သူ ဒေါသ ပို ထွက်သွား သည်။

ထို့ကြောင့် လည်း သူမ ခန္ဓာကိုယ် ကို နောက်မှီမှာ အား နဲ့ ဖိကပ်လိုက်ရင်း သူ့ လက်ဖြင့် လည်ပင်း မှ တင်းကျပ်စွာ ဖိထောက်ကာ ခေါင်း ကို မော့ လှန် စေရန် သူမ နဲ့ မျက်လုံး ချင်း စုံကြည့်လိုက်တယ်။

"မင်း ငါ့ကို စိန်ခေါ်နေတာလား"

သူအသံ က ဒေါသကြောင့် အက်ကွဲ တုန်ယင်နေသည်။သူက ပုံမှန်ဆို ဒေါသ ကြီး တက်သလောက် ထို ကြီး လွန်းသည့် ဒေါသ ကို မျိုသိပ်ထိန်းချုပ်ကာ သွေးအေး အေး နဲ့ တစ်ဖက်လူ ကို လိုသလို ထိန်းချုပ်စေခိုင်းသည့် နေရာ မှာ သိပ်တော်သည့်လူ။

အခုတော့ တထစ်ရှိ လုံလုံလောက်လောက် ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ပေါက်ကွဲ ၍သာနေမိသည်။

သူမ မျက်လုံး တွေ က သူ့ကို တန်ပြန် ငေးစိုက်ကြည့် နေရာ မှာ နီရဲ လာကာ အရည်ကြည်တွေ ချက်ခြင်းဆို သလို စုအိုင်လို့ လာတယ်။ထိုပုံစံ ကို ဒေါသ တကြီး ကြည့်နေရင်း သူ့ရင်ထဲ ဆစ်ခနဲ့ ဖြစ် သွား တယ်။

ဝုန်းဒိုင်းကြဲ ပေါက်ကွဲ ဖို့ တာဆူ နေတဲ့ ဒေါသ တွေ အစား ရင် နင့် ၍သာ လာ တယ်။ ထူးဆန်းလွန်း သော ခံစားချက်များ ကို သူ ကိုယ်တိုင်ပင် လိုက်မမှီသလို ဖြစ်လာ ရတယ်။

"အမေ နဲ့ အဘွား ကို လုံးဝ မတွေ့ ရတာ 1နှစ် တောင် ရှိပြီ မောင်၊ အဟင့် ...ဒီနေ့...ဒီနေ့ ဟာ ကျွန်မ အတွက် တစ်နှစ်ပြည့် သပိတ်သွပ်ပေး တာ လို့ပြောတယ်၊သူတို့ ...ဟင့်....သူတို့ ရင်ထဲ မှာ ဘယ်လောက်ထိ ခံစားနေရရှာမလဲ၊ ကျွန်မ... ကျွန်မ သူတို့ ကို အချိန် ပေးချင်တာ သူတို့ နဲ့ ခဏလောက် အတူ ရှိချင်တာ မှားနေတာ လား ...ဟင့်"

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now