Part 15

1.8K 40 0
                                    

ချစ်သူဖန်ဆင်းတဲ့ အတ္တနန်းတော်
အပိုင်း 15

တစ်ရေးနိုး လာ ပေမဲ့ လည်ချောင်းတွေ ခြောက်ကပ်ပြီး ညက မွန်းကြပ် မှု ကြောင့်ဘဲ လား မသိ လူ က အားမရှိသလို ခံစား နေရတယ်။

သူကခပ်တင်းတင်း ဖက် ထားပြီး ရင်ခွင်ထဲ သိမ်းထည့်ထား တာ ကြောင့် သူနိုး မသွား အောင်  ဖြေညှင်းစွာ သူ့ လက်တွေ ထဲ က ရုန်းထွက် လိုက်ရတယ်။

ပြီးတော့ သက်ပြင်း တစ်ချက်ချ လိုက်ပြီး သူ့ ကို ပြန်ငေးကြည့်လိုက်မိတယ်။
ပြာလဲ့လဲ့ ည မီးရောင်ဖျော့ဖျော့ အောက်မှာ အပေါ်ပိုင်း ခန္ဓာကိုယ် ဗလာကျင်း နဲ့ စတိုင်ပန် အနက်ရောင် ကို ဝတ်ဆင်ထားသော ယောကျ်ား မှာ အပြစ်ဆို စရာ တစ်နေရာ မှ မရှိအောင် စတိုင်ကျ သန့်ပြန့်နေတယ်။

အသက်ရှူသံ မှန်မှန် နဲ့ အိပ်ပျော်နေတဲ့ ဒီယောကျ်ား ဟာ အိပ်နေချိန်မှာ တော့ သိပ်ကို ငြိမ်းချမ်း လွန်းလှပါတယ်။ ထူထဲ သည့် မျက်တောင် ဆိတ်ဆိတ် တွေ၊ ပြည့်တင်းသည့် ရင် အုံ ၊ ဖြူဖွေး သည့် အသားအရေ၊ အစိမ်းရောင် အမွေး စစများ နဲ့ အို သူဟာ တကယ်ကို ဆွဲဆောင် မှု ပြင်းထန်လွန်း သည့် ယောကျ်ား မျိုး ပင်။

သူ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု ချင်း ဆီ ဟာ သူနဲ့ အင်မတန် လိုက်ဖက်ညီလွန်း လှ လေသည်။ မြူလွန်း ဟာ သူ့ ကို အနီးကပ် ငေးဆိုက်ကြည့်နေရင်း ဘာကြောင့်မှန်း မသိ စိတ်ထဲ အလိုလို ကျေနပ် သလို ခံစား လာခဲ့ရသည်။ဒီ ပြည့်စုံလွန်း တဲ့ ယောကျ်ား ဟာ မြူလွန်း အပိုင်တဲ့။ထို အတွေး ကြောင့် ပင် မြူလွန်း အသာ ပြုံး မိသွား သည်ထင်သည်။

ထို့နောက် အာခေါင်ခြောက်လာတာ ကြောင့် ကုတင်မှ အသာ ဆင်း ကာ အခန်း ထဲ ရှိ ရေခဲ သေတ္တာ ကို ဖွင့်ကာ ရေဗူး ရှာလိုက်သည်။ရေခဲသေတ္တာ ထဲ ဘီယာဗူး အချို့ နှင့် juice အချို့ ဝိုင် ပုလင်း အချို့သာ ရှိသည်။ရေဗူး ကိုတော့ မတွေ့။

ထို့ကြောင့် ဗီလာ dining room ရှိ ရေခဲ သေတ္တာ သို့ဆင်း လာခဲ့သည်။ မှောင်နေသော်လည်း မှောင်ပိန်းနေခြင်း မျိုးတော့ မဟုတ်၊ မှန် များ ကာ ထား တာကြောင့် ကမ်းခြေ က အလင်းရောင်နှင့် မှိန်ပြပြလေး လင်းနေသည်။ ထို အလင်းကြောင့် လမ်းလျှောက်လို့ ရသည်။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now