Part 17

1.8K 49 0
                                    

ချစ်သူဖန်ဆင်းတဲ့ အတ္တနန်းတော်
အပိုင်း 17

"အုန်း ဂဏန်း တွေ့ လို့ ကောက်လာတယ်၊ အကောင်ကြီး တော့ စားလို့တော့ ရမှာ ပါ"

ထိုသူ ပြော တဲ့ အုန်းဂဏန်း ဆိုတာ ကြီး က လက်မတွေ အကြီးကြီး ကို မှ လက်ဝါးလောက် ရှိတဲ့ ဂဏန်း ကြီး၊ လှုပ်စိ လှုပ်စိ လုပ်နေတာ ကြောင့် မြူလွန်း တစ်ယောက် မျက်ခုံးတွေ စု ကြုံကာ မသက်မသာဟန် နဲ့ ငေး ကြည့် နေမိတယ်။

"ရေကမ်းစပ် နား မှာ သံဇလုံ တစ်လုံး တွေ့လို့ ကောက်လာတာ၊ ဒီ ထဲ ထည့်ပြီး ပြုတ် ရမှာဘဲ "

သူက ပြောပြောဆိုဆို နဲ့ ထိုလှုပ်စိ လှုပ်စိ ကြီး ကို ရေထဲ ထည့် ပြုတ်ဖို့ လုပ်တယ်။

"ဟို... သေ မှ ပြုတ်ပါလား၊ အရှင် လက်လက်ကြီး"

သူက စိတ်ပျက် သလို ခေါင်းခါ ပြီး

"ဘယ်လို နေနေ သေမှာဘဲ၊ သေအောင် စောင့် နေ ဖို့ က မင်း ရော ၊ ကျွန်တော် ရော ဗိုက်ဆာ နေပြီ "

သူပြောတာ ဟုတ်ပေမဲ့ မြူလွန်း ဖြင့် စိတ်ညစ်လွန်းလို့ ငို ချင်လာ တော့ တယ်။ သူ့ ခဗျာ မသေခင် ရေ နွေးဆူဆူ နဲ့ ပြုတ်ခံ ရပြီး မချည်းမဆန့် သေရ ရှာ မှာ။

သို့သော် သူ့ ကိုလည်း တားမြစ်ဖို့ မစွမ်းနိုင်တာ ကြောင့် ထိုင်သာ ကြည့်နေရတော့ တယ်။

"ပျင်းစရာ ကြီး မင်း ...ကျွန်တော် နဲ့ စကား ပြော မလား"

"အင်း"

မပြောချင်ဘူး ဟု ဆို လိုက်လျှင် မကောင်း တက် တာ ကြောင့် အင်း ဟု သာ သံယောင်လိုက် ရတယ်။မြူလွန်း စိတ်ထဲ သူ နဲ့ အရော မဝင်ချင်ပါ၊ မနေ့က တင် သူ့ ရဲ့ ဘာလိုလို ထင်စေနိုင်သည့်စကား များကြောင့် မောင်နဲ့ ပြသာနာ တက်မလို ဖြစ်ခဲ့ ရသည် မဟုတ်လား။

"မပြောချင်လည်း နေပါ၊ ခင်ဗျား ကြည့်ရတာ လူမှုရေး လည်း ရှိပုံ မပေါ်ပါဘူး"

သူက ထိုသို့ဆိုတော့လည်း မြူလွန်း မနေသာပါ၊ ဘာဘဲ ဖြစ်ဖြစ် သူက အခုချိန်မှာ ကိုယ့်ကို ကူညီထား ရသူ ဖြစ်နေသည်လေ။

"အဲလို မဟုတ်ပါဘူး၊ မြူလွန်း လည်း ရှင် နဲ့ စကား ပြောချင်ပါတယ်"

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now