Part 14

1.9K 44 0
                                    

ချစ်သူ ဖန်ဆင်းတဲ့ အတ္တနန်းတော်
အပိုင်း 14

ဘဝ မှာ ဒီလောက် ခမ်းနား လွန်း တဲ့ မဂ်လာ ပွဲ ကို တက်ရောက်ခွင့် ရဖို့တောင် မမျှော်လင့်ခဲ့ဖူး သည့် မြူလွန်း မှာ ထိုသို့ ပွဲ မျိုး ဟာ မိမိ ရဲ့ ပွဲ လုံးလုံး ဖြစ်နေသည် အထိ ကံကြမ္မာက တူတူရေ ဝါး လုပ်ခဲ့သည့် အဖြစ်မှာ ဆန်းကြယ်လွန်းလှပါတယ်။

ဆယ်ဝမ်းလောက် ကွဲ သည်ကို ပင် အမျိုး အရင်းပမာ သဲသဲလှုပ် မျိုးစပ် ပြနေ ကြသည်မို့ မြူလွန်း ဖြင့် လူချမ်းသာ အသိုင်းအဝိုင်း ကို အတော်လေး တရားကျ နေမိတော့သည်။

သူ့ စီးပွါးရေး ပါတနာ တွေ၊ ဆွေမျိုး တွေ စသဖြင့် သူ့အသိုင်းအဝိုင်း အတော်များများ က ချမ်းသာ ကြွယ်ဝ ကြသူများ ပီပီ ခေတ်မီမီ ဝတ်စား ထား ကြသည်များ က ကို brand ဆိုတာ ထက် limited edition များ ဝတ်ကျသည် က သာ များနေကြသည်။

ရွှံဗွက် အိုင် ထဲ က ဘဲ ရုပ်ဆိုး မ လေး ကို နတ်ရက်ကန်ထဲ ပစ်ချ လိုက်သလို သိပ်လှ တဲ့ ဒေါင်းမလေး ဖြစ် သွား ခဲ့ ရ ပြီ ဗွက်အိုင်လို ပတ်ဝန်း ကျင် ကနေ နဂါး တို့ ပျော်စံ ရာ ပင်လယ် ထဲ ထိ အတောင်ဖြန့်ကျက် နိုင်အောင် ခေါ်ဆောင် သွားခဲ့သူ မှာ အတ္တကိုး ပင်။

အမေ နဲ့ အဘွား ကတော့ သူမ  ကို မြင်သည် နှင် တပြုံးပြုံး ပင် ပျှော်ရွှင်နေကြသည်။
နောင်ခန့် နဲ့ သူမ ကြားက တည်ဆောက် ထား သော နှစ်ရှည်လ များ ကြာရှည်ခဲ့ သည် ချစ်ခြင်း တရား ကို မဖျက်ဆီး လို၍ လက်ခံ ခဲ့သော်လည်း တကယ်တမ်း ရှေ့ရေး အတွက် သေချာ ရည်ရာ မှု မရှိသည့် game streamer တစ်ယောက် အဖြစ် အသက်မွေး လို မှု ကို တော့ သဘောမကျ ခဲ့ ကြချေ။

အခု တော့ သူမ ကို အတ္တကိုး နဲ့ အင်မတန် လိုလား နေကြသည်မှာ သားသမီး အတ္တ နှင့်မို့ အပြစ်တော့ မဆိုသာ။

ဤသို့ အဆင်တပြေပြေ ရှိခဲ့ သော လက်ထပ်ပွဲ အခမ်း အနား မှာ ဆိုးဝါး ပြင်းထန် သည့် အခြေအနေ သို့ ချက်ခြင်း ဆိုသလို ပြောင်းလဲ သွားခဲ့သည်။

အကြောင်းမှာ မြူလွန်း ကိုယ်တိုင် နားလည်ရန် လိုက်မမှီခဲ့သော အခြေအနေ ကြောင့်ပင် ဖြစ်သည်။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now