Part 13

1.8K 41 0
                                    

ချစ်သူ ဖန်ဆင်းတဲ့အတ္တ နန်းတော်
Part 13

နှစ်ဦး အတူတူ ရှိခဲ့တဲ့ တစ်ပတ် တာ ခရီးစဥ် မှာ အတိုင်းထက် အလွန် ပျော်ရွှင်ခဲ့ ကြတယ် ဆိုပေမဲ့ ရင်တွင်း ခံစားချက်တွေ ကိုတော့ မြူလွန်း တစ်ယောက် သူ့ဆီ ရှင်းရှင်းလင်းလင်း ရင်မဖွင့်ဖြစ်ခဲ့ပါဘူး။

နောင်ခန့် အပေါ် အားနာစိတ်၊ အပြစ်ရှိစိတ်ကြောင့် တစ်ကြောင်း၊ သူ့ အပေါ် မဆိုသလောက် ကလေး မျက်နေတဲ့ စိတ်ကြောင့် တစ်ကြောင်း မြူလွန်း ရင်ထဲက ခံစားချက်တွေ ကို ဖော်ထုတ် မပြခဲ့ မိဘူး။

ရန်ကုန် ဘောက်ထော် အိမ် ပြန်ရောက် သည့်အခါ မှာလည်း မဂ်လာကိစ္စ တွေ နဲ့ တောက်လျောက်ဆိုသလို အလုပ်ရှုပ် နေ ခဲ့ပါတယ်။

မိသားစု အပေါ် မှာရော ၊ မြူလွန်း အပေါ် မှာ ရော သူဟာ အစစအရာရာ တာဝန် ကျေလွန်းခဲ့ပါတယ်။

အဲဒီနေ့ က စိန်ကုန်သည် တွေ အိမ် ရောက် လာ ကြတဲ့ နေ့။မဂ်လာပွဲ အတွက် လက်ဝတ်တန်စာ တွေ ဆင်ယင်ဖို့ အတွက် လို့ သူက ဆိုပါတယ်။

"မြူ ...ကြိုက်တာ ရွေး"

Set လိုက် ခင်းကျင်း ပြသထား သော စိန်၊ ပတ္တမြား စသည့် ဒီဇိုင်းစုံ၊ အဆင်တန်ဆာ များ ကို ကြည့် ရင်း က မြူလွန်း ဘယ်လို ရွေး ရမှန်းပင် မသိတော့။

သတို့သား၊ သတို့သမီး set မို့ Set တစ်ဆက် တွင် သတို့သား ရင်ထိုး၊ လက်စွပ် နှင့် သတို့သမီး နားကပ်၊ လက်စွပ်၊ လည်ဆွဲ ဘယက်၊ ဟမ်းချိန်း
တို့ ပါဝင်သည်။

သူက အတော်ကလေး လက်ယာမြောက် လှပသည့် စိန် နဲ့ ပတ္တမြား ကို စီခြယ်ထား သည့် ဘယက်ပုံဆန်း set ကလေး ကို ယူကာ မြူလွန်း လည်ပင်း မှာ ကပ်ယူ ကြည့်သည်။

"အန်တီ၊ အဘွား မြူ က လည်ပင်း သွယ် တော့ ဒီ ဘယက် ပုံဆန်း ကလေး နဲ့ လိုက်မယ်ထင်တယ် ဗျ"

"အင်း...အန်တီ လည်း အဲဒါ လေး နဲ့ လိုက်တယ် တွေးနေတာ၊ ပြီးတော့ ဂါဝန်က ရင်ယှက် ပြီး ပုခုံး က ကျ နေမှာ ဆိုတော့ လည်ပင်း က ရှင်း နေမှာ၊ ဘယက်ကလေး က ထည် ပြီး ပေါ်နေမှ ဂါဝန် နဲ့ လိုက်မှာ "

အဘွား ကတော့ ဘာမှ မပြောတော့ ဘဲ ပြုံးလျက် ခေါင်းသာညိတ် ပြသည်။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now