Part 23

1.9K 40 2
                                    

ချစ်သူ ဖန်ဆင်းတဲ့အတ္တ နန်းတော်
အပိုင်း (23)

"သား က ဆေးရုံ ပေါ်မှာ၊ သမီး က ထောင် ထဲ မှာ ငါတို့ က ညည်း အပေါ် ဘာ အပြစ်တွေ များ 
ကျူးလွန် ခဲ့လို့ ငါတို့ အပေါ် ဒီလောက်အထိ ဒုက္ခတွေ ပေး ရတဲ့ လည်း မြူလွန်းကြယ်"

မြူလွန်း နောင်ခန့် အမေ အန်တီသင်း ကို ကြည့်ကာ မျက်ရည် ကျ ရုံ သာ တက်နိုင်ပါတယ်။

"ဟမ်... ညည်း ပြောစမ်းပါ အေ၊ ပြောစမ်းပါ၊ ငါ သားလေး ကို ဒုက္ခ တွေ ပေး တာ အား မရလို့ ငါ့ သမီးလေး ကို ပါ ညည်းတို့ ထောင် ထဲ ထည့် ကြတော့မလို့ ပေါ့လေ ရက်စက်လိုက်တာ အေ ရက်စက်လိုက် တာ၊ ညည်း တို့ လူ မှ ဟုတ်ကြသေး ရလား ဟဲ့... လူ မှ ဟုတ် ကြသေး ရဲ့လား"

အန်တီ သင်း က မြူလွန်း ကို လက်က လည်း ခန္ဓာကိုယ် အနှံ့ ဆွဲလွဲ ပြီး တဗုန်းဗုန်း ထု ရိုက်ကာ ပါးစပ်က လည်း ရင် ဘက် စည်တီး ပြီး ငို ပါ တော့ တယ်။

"မလုပ်ပါ နဲ့ အန်တီသင်း ရယ်၊ မြူလွန်း ကို မရိုက်ပါနဲ့၊ ယင်းယင်း တောင်းပန်ပါတယ်"

ယင်းယင်း တုပ်တုပ်မလှုပ်တဲ့ မြူလွန်း ကို ဝင်ဖက်လိုက်ပြီး နောင်ခန့် အမေ ရဲ့ လက်တွေ ကို သိုင်းဖက်ကာ ငိုလျက် အလည်က ဝင် တား တယ်။

မြူလွန်း ရှောင်လည်း မထွက် တား လည်း မတား ဘဲ ငုတ်တုတ် သာ ပေ ခံ နေ မိပါတယ်။ ရင်ဘက်ထဲ လည်း နာကျင် နေ ရကာ အန်တီ သင်း ကို ကိုယ်ချင်းလည်း စာ မိတာ ကြောင့် အသံတိတ် ငို လျက် တိတ်ဆိတ် နေမိတယ်။

"ဟမ်... မြူလွန်းကြယ် ညည်း ငါ့ ကို ပါ သတ် သွားလိုက်ပါ တော့ အေ၊ သတ် သွားလိုက်ပါ၊ ငါ့ သား နဲ့ သမီး အစား ငါ သေပေး ပါရစေ၊ ငါ ...ငါ့ ကို ငါ့ ကို သာ အစား သတ် သွား လိုက်ပါ အေ၊ အမလေး ... အမလေး လေး သူတို့ ညည်း အပေါ် ဘာတွေ များ ဒုက္ခ ပေး ဖူး လို့ ဒီလောက် တောင် လုပ်ရက်နိုင်ရတာ လဲ အေ၊ ငါ့ သား လေး က ညည်း နဲ့ ကြိုက်တော့ ငါညည်း အပေါ် ကိုယ်သမီး လို ဆက်ဆံ ခဲ့ တာ ပါ အေ၊ မေလေး ...ငါ့ သမီး မေလေး ကရော ညည်း ကို အမ အရင်း ကို ချစ် ပေး ခဲ့တာ ပါ အေ၊ ငါတို့ မိသားစု ညည်း အပေါ် ဘာတွေ များ မှား ခဲ့ ကြ လို့ လဲ အေ၊ မှားခဲ့ ကြလို့လဲ  ညည်း ပြောစမ်း ပါ အေ၊ပြောစမ်း ပါ၊ ငါ အခု ဘာလုပ်ရ မလဲ မြူလွန်းကြယ် ဘာလုပ်ရမလဲ သား က သေ ဖို့ လက် ချိုး ရေ နေရတဲ့ အချိန် ညည်းတို့က သမီး ကို ထောင်ထဲ ထည့်လိုက်ကြတော့ ဒီကောင်မကြီး ဘာ ဆက်လုပ်ရတော့ မလဲ အေ...လုပ်ရတော့ မလဲ"

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now