အပိုင်း - ၂၀ (ဇာတ်သိမ်းပိုင်း)

38 3 0
                                    

"အဲ့ဒါလား.... သူတို့နဲ့ ဆေးကိစ္စပတ်သက်တဲ့ ဂိုဏ်းက မောင့် အဖေဂိုဏ်းလေ..."

"ဪ.... ဘာ!!!!"

လက္ခဏ သိထားသည်က ရှုမငြီးမောင် က တစ်ကောင်ကြွက်ပင်။

နောက်ခံရယ်လို့ အတိအကျမရှိ။ ထို့ကြောင့် အလုပ်ခန့်ခဲ့တာဖြစ်သည်။

"မောင် ပြောတော့ မောင် က တစ်ကောင်ကြွက်ပါဆို...."

"အဲ့ဒါက အချစ် မောင့်ကို အလုပ်ခန့်အောင်လေ....

တကယ်တော့ မောင်က မာဖီးယားဂိုဏ်းရဲ့ ဆက်ခံသူ.....

တော်ကြာ.... အချစ် မောင့်ကို ကြောက်သွားမှာ စိုးလို့ လိမ်လိုက်တာ ခွင့်လွှတ်ပါကွာ...."

မိမိကို လိမ်၍ စိတ်ဆိုးသော်လည်း မာဖီးယားဂိုဏ်း ၏ ဆက်ခံသူ ဖြစ်တာတောင် မိမိစီမှာ အနွံတာခံပြီး သည်းခံကတည်းက မိမိကို မောင် က ဘယ်လောက်တောင် ချစ်ကြောင်းဆိုတာကို သိလိုက်ရသည်ကြောင့်လည်း ဝမ်းသာမိသည်။

"စိတ်မဆိုးပါနဲ့နော် မောင့်အချစ်...."

"တော်ပါ ဒီတစ်ခါတော့ သည်းခံပေးလိုက်မယ်....

အခုတော့ ဖုန်းခဏပေး သီချင်းဖွင့်ချင်လို့....."

"မောင့် ပိုက်ဆံအိတ်ထဲမှာ ရှိတယ် အချစ်...."

မောင့် ပိုက်ဆံအိတ်ထဲက ဖုန်းကို ယူလိုက်ပြီး....

"မောင် password ထည့်လိုက်ဦး အင့်...."

ချစ်သူ ရည်းစား ဆိုသော်လည်း တစ်ဖစ်လူ ၏ privacy ကို လေးစားတတ်သည့် မိမိ အချစ်လေးက အခြားတစ်ဖက်သို့ လှည့်နေကာ မိမိ အား ဖုန်း Lock ဖွင့်စေသည်။

"Password က အချစ်ရဲ့ မွေးနေ့...."

"ဟင်...."

"ကိုယ်တိုင်ဖွင့်လိုက်ပါကွာ...နော်.... မောင့်အချစ်..."

ဖုန်းကို မိမိ ဘက်ပြန်ယူလိုက်ပြီး မိမိ ၏ မွေးနေ့ကို ရိုက်ထည့်လိုက်ချိန်တွင် တကယ်ကြီးပွင့်သွားလေသည်။

အံ့ဩနေသော မျက်နှာထားဖြင့် လှည့်ကြည့်လာသည့် အချစ်လေးက မယုံနိုင်သေးသည့် ပုံပင်....

အချစ်လေး၏ မွေးနေ့နံပါတ်ကို password ထားလာတာ ဒီနေ့နဲ့ ဆိုလျှင် ၂ နှစ် နဲ့ ရက် ၉၀ လောက် ရှိနေပြီ။

လက္ခဏလိုအချစ်မျိုးМесто, где живут истории. Откройте их для себя