အပိုင်း - ၁

39 4 0
                                    

ရွှေစာရံ ဘုရားပွဲ၌.....

ကိုးဆယ်ဆ သာလိမ့်မယ် ဆိုသည့် မြန်မာဇာတ်ကားကို မကြည့်ဖူးသူ နည်းပါလိမ့်မယ်။

တခါကြည့်ဖူးရင်လည်း ရင်ထဲမှာ မမေ့နိုင်လောက်သည်အထိကို ဖမ်းစားနိုင်တဲ့ ဇာတ်ကားတစ်ခု ဆိုလည်း မမှာပါဘူးလေ။

ဖူးလက္ခဏမောင် အတွက်တော့ ကိုးဆယ်ဆ သာလိမ့်မယ် ဆိုတဲ့ ဇာတ်ကားကို တစ်ခါလောက် ကြည့်မိရုံနဲ့တင် အကြိုက်ဆုံး ဇာတ်ကားဆိုသည့် စာရင်းထဲတွင် နံပါတ် ၁ နေရာ၌ ချိတ်ဆွဲထားမိသည်အထိကို နှလုံးသားထဲက တစ်နေရာမှာ အမြစ်တွယ်နေလေတယ်။

ဇာတ်ကားထဲက ထန်းရွက်ပုတီး ဆိုသည့် သီချင်းလေးထဲက ရွှေစာရံဘုရား ကို ရောက်ဖူးချင်သည့် ဖူးလက္ခဏမောင် ၏ ရည်မှန်းချက်တို့က ပြည့်နေလေပြီ။

တိုက်တိုက်ဆိုင်ဆိုင် ဖူးလက္ခဏမောင် တစ်ယောက် သွားချိန်က ဘုရားပွဲနှင့် တိုက်ဆိုင်နေလေသည်။

"ကျွန်မတို့အရွယ် လှဖို့ရယ်...

အသက်မကြီးသေးပါ မောင် ရယ်....

ထန်းရွက်ပုတီးလေး ဆွဲဖို့....

ရွှေစာရံကို အရောက်သွားလို့ကွယ်..."

ထန်းရွက်ပုတီးသီချင်းထဲက စာသားလေးအတိုင်း ပွဲဈေးထဲမှ ဆိုင်အများစုက ထန်းရွက်ပုတီးလေးများကို ရောင်းချနေကြသည်အား ကြည်နူးဖွယ်မြင်တွေ့ရလေသည်။

ရွှေစာရံကို ရောက်မှတော့ ကျိန်းသေပေါက်ကို ထန်းရွက်ပုတီးလေး ဆွဲသွားရမှာပေါ့။

ထို့ကြောင့်ပဲ ပွဲဈေးကနေ ဖြတ်လာပြီး ဘုရားစောင်းတန်းပေါ်ကနေတဆင့် ဘုရားရင်ပြင်မှာ ဘုရားဖူးပြီးမှသာ ဈေးဆိုင်တန်းများဘက်သို့ ပြန်လည်လျှောက်လှမ်းလာခဲ့သည်။

ဖူးလက္ခဏမောင် က လူစည်သည့် နေရာများကို ကြောက်တတ်၍ အမြဲအလိုလို ဘေးနားတွင် အကိုဝမ်းကွဲဖြစ်သူ စိုးထွဋ်ကျော်စွာ က ပါတတ်ပေမယ့် ဒီတစ်ခေါာက်တော့ ဘုရားပွဲကို တစ်ယောက်ထဲသာ လျှောက်လှမ်းနေမိသည်။

သို့သော် စိတ်ထဲတွင်တော့ ကြောက်စိတ်တို့က မရှိနေ။ ဒီတိုင်း ကိုယ်ရောက်ဖူးချင်သည့် တစ်နေရာသို့ ရောက်လိုက်ရ၍ ပျော်နေမိသည်။

လက္ခဏလိုအချစ်မျိုးOnde histórias criam vida. Descubra agora