အပိုင်း - ၉

30 3 0
                                    

မင်္ဂလာဆောင်ကိုတော့ ထိုင်းနိုင်ငံ ဖူးခက်တွင် လုပ်ချင်ခဲ့သည့် မောင့် အိပ်မက်က ယခုတော့ ချစ်ရသူ က တစ်ခြားတစ်ယောက်နဲ့ လက်ထပ်တော့မှာကို ကိုယ်တိုင်စီစဉ်ပြီး ကိုယ်ဖြစ်ချင်သည့်အတိုင်း အားလုံးကို စီစဉ်ပေးနေလေသည်။

မောင် က Gemini တစ်ယောက်။

ထို့ကြောင့်ပဲ ခံစားချက်များကို ဖုံးကွယ်သည့်နေရာတွင် သူမတူအောင် တော်လွန်းပေသည်။

ယခုလည်း မောင် က မြ ကိုချစ်သည်အား စစ်ခွန်းနောင် ကလွဲ၍ အပြင်လူမသိပါချေ။

မင်္ဂလာပွဲ ၏ ဒီဇိုင်းများကိုလည်း လာဗန်ဒါအရောင်ကို အဓိကထား၍ ပြင်ဆင်ပေးလေသည်။

အလှဆင်ရာတွင်လည်း လာဗန်ဒါပန်းကိုသာလျှင် အဓိကထားပြီး အဖြူရောင် အချို့နှင့်သာ ပြင်ဆင်ပေးဖြစ်လိုက်သည်။

လာဗန်ဒါ ဆိုသည်က ဖူးလက္ခဏမောင် သိပ်ကြိုက်သည့် အရောင် ၊ ပန်း ဖြစ်လေသည်။

မင်္ဂလာပွဲတွင် ထည့်သုံးထားသည့် ပန်းအဖြူအချို့ကတော့ မောင် ရဲ့ မြ အပေါ်တွင်ထားသော "ဖြူစင်သော ချစ်ခြင်း" ကို ကိုယ်စားပြုပြီး....

လာဗန်ဒါပန်း ၏ အဓိပ္ပာယ်ကတော့ "စောင့်မျှော်ခြင်း" တဲ့လေ.....

မြ.... မောင် လေ မင်းကို ဖြူစင်သော ချစ်ခြင်းနဲ့ပဲ ဆက်ချစ်သွားမယ်....

မင်းကိုပဲ မောင် ဆက်ပြီးတော့ စောင့်သွားမယ်.....

........

မင်္ဂလာပွဲနေ့....

အချိန်တွေလည်း ကုန်လွန်သွားလေပြီ။ ယခုမူ စိုးထွဋ် နှင့် မြမေ တို့၏ မင်္ဂလာပွဲသည်လည်း ရောက်လာလေသည်။

သတို့သား နှင့် သတို့သမီး တို့ ပြင်ဆင်နေကြသည်ကို မောင် ကိုယ်တိုင် ကြီးကြပ်စီစဉ်ပေးလေသည်။

ထင်ထားသည့်အတိုင်းကိုပင်။ မြ တစ်ယောက်ကတော့ မောင် ကိုယ်တိုင် ဒီဇိုင်းဆွဲထားပေးသည့် သတို့သမီးဝတ်စုံလေးနှင့် သိပ်ကို လှနေလေသည်။

ပျော်နေသည့် မြ ကိုကြည့်ပြီး မောင် မပိုင်ဆိုင်ရရင်တောင် ပျော်မိပါသည်။

လက္ခဏလိုအချစ်မျိုးDonde viven las historias. Descúbrelo ahora