အပိုင်း - ၁၃

29 3 0
                                    

ပို့ပေးထားသည့် Location က ကြီးမား ၊ ခမ်းနားသည့် အိမ်ဖြူကြီးတစ်ခု ဖြစ်နေလေသည်။

ခြံတံခါးခတ်ထား၍ ကားဟွန်းကို တစ်ချက် ၊ နှစ်ချက်လောက် တီးပေးလိုက်ရာ....

လူတစ်ယောက် ထွက်လာပြီး ခြံတံခါးကို ပြေးဖွင့်ပေးလေသည်။

ခြံတံခါးကို ဖွင့်ပေး၍ မည်သည်မျှကို ပြောမနေတော့ဘဲ ကားကို ခြံအတွင်းထဲသို့သာ မောင်းချလာလေသည်။

ဟော.... တွေ့ပါပြီ။ မြန်မာရင်ဖုံးဝမ်းဆက်လေးကို ဝတ်ဆင်ပြီး ထုံးစံတိုင်း ခွာညိုပန်းတို့အား ပန်ဆင်လျက် မိမိအား ပြုံး၍ ကြိုဆိုနေသော ချစ်ရသူ အမျိုးသမီးလေး.....

"မောင်.... ခရီးပန်းလာရောပေါ့... နားဖို့အတွက် အားလုံးစီစဉ်ထားပေးတယ်နော်...."

အင်း.... တကယ်ကို ခရီးပန်းလာတာပေါ့။ ဒါပေမယ့် ထိုအမျိုးသမီးလေး၏ အေးမြသော အသံကို ကြားလိုက်ရ၍ ပင်ပန်းသမျှက ပျောက်ရှကုန်သည်လေ။

အကို့ကိုတောင် အားကျလာပြီ။ အလုပ်ကပြန်လာတိုင်း ထွက်ကြိုပေးနေသည့် ထိုကဲ့သို့ ဇနီးချောလေး ရထားတာကို.....

"ကျေးဇူးတင်ပါတယ် မြ..."

"အို.... မလိုပါဘူး မောင် ရယ်...."

ပြောပြောဆိုဆိုနှင့် မိမိ လက်မောင်းတစ်ဖက်ကို ချိတ်ဆွဲလာသည့် သူမ ၏ လက်တစ်စုံ.....

ထိုအပြုအမူကြောင့် အိမ်ထဲသို့ ဝင်ဖို့ ပြင်နေသည့် မောင့် ခြေထောက်တစ်ဖက်က လေထဲတွင် ရပ်တန့်လျက်.....

အမျိုးသမီးလေးကတော့ သိလေမလား။ သူမ ၏ ထိုကဲ့သို့ အပြုအမူကြောင့် တစ်ဖက်လူ၏ နှလုံးသားက ခုန်ပေါက်ပြေးလွှားနေတာကိုပင်။

သို့သော် မောင့် အသိစိတ်ထဲ ဝင်လာသည်က ထိုအမျိုးသမီးက မိမိ အကို ၏ တရားဝင်လေး ဖြစ်နေပြီ။

ထိုကဲ့သို့ အပြုအမူများ မသင့်တော်ပေ။

ထို့ကြောင့် ဖက်တွယ်ထားသည့် ထိုအမျိုးသမီးလေး ၏ လက်တစ်စုံကို အေးစက်သော မျက်ဝန်းအစုံတို့ဖြင့် ဖယ်ရှားလိုက်ကာ အိမ်အကူကောင်မလေးနောက်ကိုသာ လိုက်သွားလေသည်။

မောင့် စိတ်ထဲတွင်တော့.....

မောင် ငါးပါးသီလတော့ လုံပါရစေ မြ ရယ်.....

မောင် အကြောက်ဆုံးက သူများ သား ၊ မယားကို ပစ်မှားခြင်း ဆိုတဲ့ အချက်ကို ကြူးလွန်မိမှာ မောင် အကြောက်ဆုံးပဲ.....

.........

ဒီနေ့တော့ မောင် ရောက်လာခဲ့သည်။

မေမေ ပြောပြဖူးခဲ့သည့် မိန်းမ မာယာ သဲကိုးဖြာ ဆိုသည်တို့ကို မောင့် အပေါ်တွင် ထုတ်သုံးခဲ့မိသည်။

ထိုကဲ့သို့ ထုတ်သုံးခဲ့သည်အတွက် မြမေ လိပ်ပြာမလုံသလို မောင့်ကိုလည်း အားနာပါသည်။

သို့သော် မောင့် ဘက်က တုန့်ပြန်လာသည်က အေးစက်သည့် မျက်ဝန်းတစ်စုံသာ....

မဟုတ်မှလွဲရော မောင် ငါ့ကို မချစ်တော့ဘူးလား....

မချစ်တော့ဘူးဆိုတာ မဖြစ်နိုင်ပါလေ။

မောင် ပြောဖူးတယ်....။ အကို့ ရင်ခွင်မှာ မပျော်ရင် မောင့် ရင်ခွင်စီကို လာခဲ့ပါတဲ့လေ။

ဒီတစ်ခါတော့ အဲ့အချက်ကို အသုံးချပါရစေမောင်...။

ကျွန်မ ဒီလိုတွေ လုပ်နေတာက အကို့ကို ချစ်လို့ မောင့် ကို အသုံးချမိသလိုဖြစ်သွားတာပါ....။

........

"မြ လက္ခဏ ရောက်နေတယ်ဆို...."

"ဟုတ်တယ် အကို.... ကျွန်မ လုပ်ငန်းစချင်နေပြီ....

အကို့ကို စိတ်ပူတယ်...."

ထင်ထားသည်ထက် ပို၍ပင် စောစွာ အကောင်အထည်ဖော်နေသော မြ ကြောင့် စိုးထွဋ် ပြုံးမိသည်။

ဒီကလေးမ သိပ်တုံးလေသလား....

"ဂရုတစိုက်လုပ်နော် မြ...."

"စိတ်ချပါ အကိုရယ်....

မောင့်ကို ချဉ်းကပ်နိုင်မှာပါ...."

ပြုံးပြလာသည့် ကလေးမကို ရင်ခွင်ထဲထည့်ကာ စိုးထွဋ်ပါ ပြုံးနေမိသည်။

ထိုကဲ့သို့ လူနှစ်ယောက် ပြောနေသည်များ နှင့် အပြုအမူများကို သစ်ပင်တစ်ခု အကွယ်ကနေ ကြည့်နေ ၊ နားထောင်နေသည့် လူတစ်ယောက်ကိုတော့ မည်သူမျှ သတိမထားမိပေ။

မောင့် ကို စိတ်နာအောင် မလုပ်ပါနဲ့လား မြ ရယ်....



ဆက်ရန်ရှိသည်........


..................


Lavender June 💜

လက္ခဏလိုအချစ်မျိုးOnde histórias criam vida. Descubra agora