အပိုင်း - ၁၉

29 3 0
                                    

စိုးထွဋ် ၏ အိမ်မှ ထွက်ခွာလာခဲ့ပြီး ပုံမှန်ဆို ကားကိုယ်တိုင်မောင်းသည့် လက္ခဏ ကတော့ ယခုတွင် ကားမောင်းပေးသည့် တစ်ယောက်သောသူ ရှိနေပြီလေ.....

မိမိ မည်သို့ပင် အော်ငေါက်နေပါစေ အမြဲတမ်းသည်းခံတတ်ပြီး မိမိ အပေါ်တွင် စိတ်ရှည်သည်းခံပေးတတ်သော ရှုမငြီးမောင် ဆိုတဲ့ သူမ က ဖူးလက္ခဏမောင် ၏ အပိုင်လေး ဖြစ်နေပါပြီ။

တကယ်ဆို ပိုင်ဆိုင်လိုစိတ်မရှိလေဘဲနဲ့ မြမေ ကို ဖူးလက္ခဏမောင် လက္ခဏ လို အချစ်မျိုးဖြင့် ချစ်ခဲ့ပါသည်။

အဝေးကနေပဲ ချစ်ရုံနဲ့တင် ကျေနပ်ပါပြီ ဆိုပြီး ဖူးလက္ခဏမောင် ၏ နှလုံးသားတစ်ခုလုံးက မြမေ ဘက်ကိုသာ ဦးတည်နေခဲ့သည်။

သို့သော် ဖူးလက္ခဏမောင် သတိမထားခဲ့သည်က လောကမှာ လက္ခဏ လို ချစ်ပေးမယ့် သူမျိုးက ဖူးလက္ခဏမောင် တစ်ယောက်ထဲမှမဟုတ်တာ.....

အမြဲတမ်း ဘေးနားမှာ ရှိနေပြီး အရိပ်သဖွယ် လိုက်လံ စောင့်ရှောက်ပေးခဲ့သည့် ရှုမငြီးမောင် ကလည်း ဖူးလက္ခဏမောင် ကို လက္ခဏ လို အချစ်မျိုး ဖြင့် ချစ်နေလေသည်။

လောကမှာ ကိုယ့်ကို လက္ခဏ လိုအချစ်မျိုးနှင့် ချစ်ပေးသည့် သူတစ်ဦးတစ်ယောက်ကတော့ ကိုယ့်နားမှာ ရှိနေတတ်တယ်လေ....

တစ်ခုပါပဲ....။ ကိုယ်တွေက သူတို့ အချစ်ကို မမြင်နိုင်ခဲ့ကြဘူး....

ဖူးလက္ခဏမောင် ကတော့ ကံကောင်းပါသည်လေ....။ ထိုချစ်ခြင်းတရားကို မြင်နိုင်သွားခဲ့ပြီ....။

..........

မြမေကို သဘောကျနေသည့် လက္ခဏ ကို အဝေးကနေသာ ချစ်ပေး ၊ ဂရုစိုက်ပေးခြင်းဖြင့် ရှုမငြီးမောင် ကျေနပ်ခဲ့ရပါသည်။

သို့သော် မြမေက လက္ခဏ ကို နာကျင်အောင်လုပ်ခဲ့သည်။ ထို့ကြောင့် ရှုမငြီးမောင် တစ်ယောက် မြမေကို သတ်ဖို့အထိပါ ကြိုးစားခဲ့သည်။ သို့သော် သတ်ဖြစ်သလားလို့ မေးရင် မသတ်ဖြစ်ဘူးလို့ပဲ ရင်နာနာဖြင့် ပြန်ဖြေရမည်။

ဘာကြောင့်လဲလို့ မေးရင်တော့ လက္ခဏ ဝမ်းနည်းနေမှာ ၊ မျက်ရည်ကျနေမှာကို ရှုမငြီးမောင် မမြင်ချင်ပါ။

လက္ခဏလိုအချစ်မျိုးDonde viven las historias. Descúbrelo ahora