အပိုင်း - ၇

31 3 0
                                    

မိမိ ပြောလျှင် ဘာကိုမဆို ချက်ချင်း လုပ်ပေးသည့် အတွင်းရေးမှူးကြီးက နောက်ရက်ပိုင်းအတွင်း မြန်မာကို လာခဲ့မယ်တဲ့လေ။

မိမိ တောင်းထားသည့် အရာတွေအားလုံးကိုလည်း သူနှင့်တစ်ပါတည်း ယူဆောင်လာခဲ့ပေးမယ် တဲ့။

အားကိုးရသည့် အတွင်းရေးမှူးကို ဘောနပ်စ်ပေးရပေဦးမည်။

........

အလုပ်သွားခါနီး မြမေမှ မိမိကို စကားခဏ ပြောချင်သည် ဆိုသောကြောင့် ခြံထဲရှိ ခွာညိုပင်နားတွင် ရပ်စောင့်နေသည့် မြမေ အနားသို့ သွားကာ....

"မြမေ ကိုယ့်ကို ပြောစရာရှိတယ်ဆို...."

"ဟို... ဟိုလေ....

မြမေ အကို့ကို ချစ်တယ်...."

ဒီစကားကို အနှေးနဲ့ အမြန် ကြားရမည်ကို ကြိုတွက်ထားသည့် စိုးထွဋ်ကတော့ တုန်လှုပ်သွားခြင်း မရှိဘဲ ပြုံးပြုံးလေးသာ.....

"ကိုယ်တို့က လက်တောင် ထပ်ကတော့မှာပဲကွာ...

ကိုယ်လည်း မချစ်ဘဲနဲ့ လက်ခံပါ့မလား...."

သို့သော် စိုးထွဋ် တစ်ယောက် မြမေကို ညီမလေးတစ်ယောက်လို ချစ်သည်ကို ထည့်မပြောဖြစ်လိုက်....

"ရှင်.... ဒါ... ဒါဆို...."

"ကိုယ်တို့ လက်မထပ်ခင်အထိ ကိုယ်နဲ့ တွဲကြည့်လို့ရပါတယ်..."

ပြောပြော ဆိုဆိုနှင့် မြမေ ၏ လက်ကို ကိုက်ပြီး လက်ကနေတဆင့် ပါးပြင်ထက်သို့ အနမ်းတစ်ပွင့်အား စိုးထွဋ် စွန့်ကြဲမိလိုက်လေသည်။

မြမေ က တကယ်ကို လှပါသည်။ ထို့ကြောင့်ပဲ လက္ခဏ က ချစ်မိသွားတာလည်း ပါမှာပေါ့။

ဒါပေမယ့် စိုးထွဋ် တစ်ယောက် သူရွေးခဲ့တဲ့ လမ်းကို လုံးဝ နောင်တ မရပေ။

ထိုကဲ့သို့ ပန်းအနားတွင် ချစ်ကြည်နူးနေသည့် ပျားကလေးနှစ်ကောင်အား အိမ်အပေါ်ထက် ပြတင်းပေါက်ကနေ တဆင့် ကြည့်ပြီး မျက်ရည်စများ တသွင်သွင်စီးကျကာ နှလုံးသားတစ်နေရာကနေ နာကျင်နေရသော လူတစ်ယောက်ကိုတော့ မမြင်ကြပေ။

"ဟုတ်နေပါပြီလေ။ မြ နဲ့ မောင် က ဒီတစ်သက် ဖူးစာ မပါဘူးထင်ပါရဲ့....

လက္ခဏလိုအချစ်မျိုးTahanan ng mga kuwento. Tumuklas ngayon