အပိုင်း - ၁၁

28 3 0
                                    

မင်္ဂလာပွဲ အပြီးတွင် မြ တစ်ယောက် မောင့်ကို လိုက်ရှာသေးသည်။

သို့သော် မောင့် ကို မတွေ့လေဘဲ မောင် ချန်ထားခဲ့သည့် စာတစ်စောင်ကိုသာ လက်ခံရရှိလေသည်။

စာထဲတွင်တော့.....

"သို့... မပိုင်ဆိုင်လိုက်ရတဲ့ မောင့် ချစ်ရသူလေး....

မောင့် အချစ်ကို မင်းလက်မခံတာကို မောင် နားလည်ပါတယ်။ ဒါပေမယ့် မြ ရယ်... မင်းအပေါ်ထားတဲ့ မောင့် ချစ်ခြင်းတရားကိုတော့ မစော်ကားပါနဲ့....။

အကယ်လို့ မင်းလေး အကို့ရင်ခွင်မှာ မပျော်ရင် မောင့် ရင်ခွင်ထဲကို ပြောင်းလာလို့ရတယ်နော်....

မောင့် နှလုံးသားတံခါးလေးကလည်း မင်းလေး အတွက်ဆို အမြဲ ဖွင့်ထားပေးမှာပါ...

မြ မချစ်တဲ့ ဖူးလက္ခဏမောင်...."

ထိုလူ ၏ စာကြောင်း အချို့ကပင် မြ ကို ငိုအောင် လုပ်နိုင်သည်။

ဘာတဲ့ မြ မချစ်တဲ့ ဖူးလက္ခဏမောင် တဲ့လေ.....

မောင် ရူးသွားလေပြီ။

ဖတ်ပြီးပြီးချင်း ထိုစာအား အကို တွေ့သွားမှာစိုးလို့ မီးရှို့လိုက်လေသည်။

မီးလောင်နေသည့် စာရွက်လေးကို ကြည့်ကာ မြ တွေးမိသည်....

ဒီတောက်လောက်နေတဲ့ မီးတောက်ထဲ မောင် နဲ့ မြ ရဲ့ အမှတ်တရတွေ ပါသွားရင် သိပ်ကောင်းမှာပဲ....။

.......

"အကို.... စိတ်ညစ်နေပုံပဲ ဘာဖြစ်နေလို့လဲဟင်..."

"ရတယ် မြမေ... ကိုယ်ဘာမှ မဖြစ်ဘူး...."

"အို.... မဟုတ်တာ မြ ကူညီနိုင်တာ ရှိရင် ဖြစ်ဖြစ် ကူညီပေးလို့ရအောင်ပါ..."

"မြမေ... ဒီကိစ္စကို ဘယ်သူမှ မပြောလေနဲ့....

ကိုယ်... ကိုယ် မာဖီးယားဂိုဏ်းတွေနဲ့ ပတ်သက်မိသွားတယ်..."

"ရှင်....!"

"ဟုတ်တယ် မြမေ.... သူတို့နဲ့ ကိုယ် အပေးအယူလုပ်ပြီး ဆေးကိစ္စတွေကို လုပ်ခဲ့တယ်....

ဒါပေမယ့် ကြားထဲကနေ ဂိုဏ်းတစ်ခုက ဖြတ်ယူသွားလို့ ကိုယ်အခု ပိုက်ဆံတွေ စိုက်ပေးရတော့မယ်...

မပေးနိုင်ရင် ကိုယ်သေမှာ....

ကိုယ်ပိုက်ဆံမက်ပြီးတော့ ဒီလမ်းကို လိုက်ခဲ့မိသွားတယ်ကွာ..."

ထိုကိစ္စကို သူများတွေ ကြားလျှင်တော့ စိုးထွဋ် ကို အပစ်တင်လိမ့်မည်။

သို့သော် မြမေ ကတော့ အပစ်မမြင်။

ကိုယ့်ချစ်ရသူ လုပ်သမျှက အမှန်ပင်။

"ဘယ်လောက်တောင် ပေးရမှာလဲ အကို..."

"မြန်မာငွေနဲ့ဆို သိန်းပေါင်း ငါးသောင်း..."

"ရှင်! အကို..."

"ကိုယ်တောင်းပန်ပါတယ်ကွာ....

အခုချိန်မှာ ကိုယ့်မှာ အဲ့လောက် များများစားစား မရှိသေးဘူး....

ဒါပေမယ့် တစ်နည်းတော့ရှိတယ်..."

စိုးထွဋ် သက်ပြင်း တစ်ချက် ချလိုက်ပြီး....

"ဖူးလက္ခဏမောင် ဆိုရင်တော့ ဒါကို ကိုင်တွယ်နိုင်လိမ့်မယ်...."



ဆက်ရန်ရှိသည်........


..................


Lavender June 💜

လက္ခဏလိုအချစ်မျိုးDonde viven las historias. Descúbrelo ahora