အပိုင်း - ၁၂

28 3 0
                                    

"ဖူးလက္ခဏမောင် ဆိုရင်တော့ ဒါကို ကိုင်တွယ်နိုင်လိမ့်မယ်...."

"ဟမ်...? မောင် က...."

"ဟုတ်တယ်.... မြ...

ပိုက်ဆံပေးဆိုရင်လည်း လက္ခဏ က ပေးနိုင်တယ်....

လက္ခဏ မှာက မြန်မာနိုင်ငံမှာပဲ စီးပွားရေးတွေရှိတာမဟုတ်ဘူး...

သူက နိုင်ငံတကာမှာပါ အလုပ်လုပ်နေတာ.... ပြီးတော့ သူက အမှောင်ဂိုဏ်းတွေနဲ့လည်း အဆက်အသွယ်တွေ ရှိတယ်....

ရန်ကုန်မှာလည်း သူ လက်သပ်မွေးထားတဲ့ လူမိုက်တွေမှ အများကြီးပဲ....

ဒါတောင် ကိုယ်စုံစမ်းမိသလောက်ပဲ ရှိသေးတာ.....

ကိုယ်သူ့လို ဖြစ်အောင် ကြိုးစားကြည့်တာ ဒါပေမယ့် ကိုယ်.... ကိုယ် အဆင်မပြေဘူး မြ...."

ဝမ်းနည်းနေသည့် အကို့ကို မြမေ မကြည့်ရက်ပေ။

မည်သူကများ ချစ်ရသူက ဝမ်းနည်းနေလျှင် ထိုင်ပြီး ကြည့်နေနိုင်မည်နည်း။

"မောင့်ကို မြမေ ပြောကြည့်ပါဦးမယ်.....

မြ ကိုလေ မောင့် ဖုန်းနံပါတ်လေး ပေးပါလား...."

"ဒီမှာနော် မြ..."

အကို့စီ ကနေ မောင့် ဖုန်းနံပါတ်ကို ယူလိုက်ပြီး ဝမ်းနည်းနေသည့်အကို့ကို ကျောလေးပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

အကိုကတော့ အရုပ်ကြိုးပျက်သလို ခေါင်း ငိုက်စိုက်ကြီးသာ ကျနေတော့သည်။

သို့သော် မြမေ မမြင်လိုက်သည်က စိုးထွဋ် ၏ မဲ့ပြုံးတစ်ခုကိုပင်။

တောင်းပန်ပါတယ် မြ... ကိုယ်လေ လက္ခဏလို ချမ်းသာချင်တယ်....။

........

ချင်းမိုင်သို့ ထွက်ခွာဖို့ အားလုံးပြင်ဆင်နေချိန် ကားပေါ်တက်ရန်အလုပ် ဝင်လာသည့် ဖုန်းစိမ်းတစ်ခုကြောင့် အနည်းငယ်စိတ်ထဲတွင် ထင့်သွားလေသည်။

ဖုန်းထဲတွင်....

"ဟယ်လို.... အမိန့်ရှိပါ.... ဖူးလက္ခဏမောင် ပြောနေပါတယ်...."

"မောင်... မြ ပါ..."

တစ်ဖက်က ကြားလိုက်သည့် အသံလေးကြောင့် မောင် စကားပင် ဆက်တောင် မပြောနိုင်ပါလေ။

လက္ခဏလိုအချစ်မျိုးDonde viven las historias. Descúbrelo ahora