မိုးရွာပြီးစ ညနေမှာ ဝင်လုဆဲနေမင်းက လိမ္မော်ရောင် ရောင်ခြည်တွေ ပက်ဖျန်းနေသည်..။ တိမ်နီတိမ်ဝါတို့က အပြာကောင် ကောင်းကင်နောက်ခံမှာ မီးညွန့်မီးလျှံတွေလို..။
ရောင်စုံကောင်းကင်ကို နောက်ခံထားပြီး ရှည်သွယ်သွယ် အရိပ်တခုက နှေးကွေးလေးလံစွာ လျှောက်လှမ်းလာသည်..။ အထီးကျန် အရိပ်ကလေး..။
Training ဆင်းသည့်နေရာကို ရောက်လာသော ရှောင်းကျန့်မျက်နှာမှာ ဘာခံစားချက်မှ မရှိ..။ သူ ကွင်းထဲဝင်လိုက်တော့ နည်းပြက သူ့ဆီ ဒေါသတကြီး ပြေးလာသည်..။
"ရှောင်းကျန့်!! မင်းဘာတွေ လုပ်နေတာလဲ!! မင်းကိုယ်မင်း လက်ထောက်ခေါင်းဆောင်ဆိုတာကော သတိရသေးလား.. ခေါင်းဆောင်မရှိရင် မင်းတာဝန်ပဲ..ခုတော့ သွားချင်ရာ သွားပြီး အသင်းကို ဖြစ်သလို ပစ်ထားခဲ့တယ်!!"
ပွဲဦးထွက်မှာ ရှုံးထား၍ ဒေါသထွက်နေသော နည်းပြမှာ သူ့ရှေ့က ရှောင်းကျန့်၏ နွမ်းနယ်ပြီး ဖရိုဖရဲဖြစ်နေသော ပုံစံကို သတိမထားမိ..။ ရှောင်းကျန့်က နှုတ်ခမ်းကိုက်ကာ အသံတိုးတိုးဖြင့်..
"ကျွန်တော် တောင်းပန်ပါတယ်"
"တောင်းပန်တာက ပြုတ်စားလို့ ရလား!! ဖုတ်စားလို့ ရလား!! တောင်းပန်လိုက်တော့ ငါတို့အသင်း ပြန်နိုင်လာမှာလား!!"
နည်းပြက ဆက်ပြီး စိတ်ပျက်လက်ပျက်နှင့်..
"ဒီတခါတော့ ငါမင်းကို တကယ် စိတ်ပျက်သွားပြီ.. ရှောင်းကျန့်!!"
ရှောင်းကျန့်က ခေါင်းငုံ့မျက်လွှာချထားကာ ဘာမှမပြော..။
"ဆရာ.. ဆရာ..!!"
ဝမ်ရိပေါ်က ကွင်းတဖက်မှ ပြေးလာကာ ရှောင်းကျန့်ရှေ့မှာ ဝင်ရပ်ပြီး ရှောင်းကျန့်ကို သူ့နောက်ပို့လိုက်သည်..။ ထို့နောက် တောင်းတောင်းပန်ပန်ပြုံးပြီး..
"ဆရာရယ်.. ဆရာလည်း သိတာပဲ.. ကျန့်ကျန့် လက်ထောက်ခေါင်းဆောင်ဖြစ်တာ ဘယ်လောက်မှမှ မကြာသေးတာ.. ပြီးတော့ ပထမပွဲရှုံးတာ သူ့တယောက်ထဲ အပြစ်တော့ မဟုတ်ပါဘူး.. ကျန်တဲ့သူတွေလည်း အသုံးမှ မကျတာ.. သူတို့ကို ပိုပြီး ပြင်းပြင်းထန်ထန် train ပေးရမယ်"
![](https://img.wattpad.com/cover/365737708-288-k398163.jpg)
YOU ARE READING
ချစ်မိတဲ့အခါ...
Fanfictionချစ်မိတဲ့အခါ အဆုံးစွန်အထိ အနစ်နာခံ ပေးဆပ်တတ်ကြတယ်... ချစ်မိတဲ့အခါ အဆုံးစွန်အထိ အတ္တကြီးတတ်ကြတယ်... သင်ရော.. ချစ်မိသွားပြီလား..??