ဆေးရုံများ၏ နံနက်ခင်းတွေက တိတ်ဆိတ်ငြိမ်သက်လျက်..။ ဆောင်းဦးနှင်းရည်များက အပြင်ဘက်ရှိ သစ်သားခုံများကို ပက်ဖျန်းထားသည်မှာ ဟိုတကွက် သည်တကွက်..။
ရှောင်းကျန့်က နှင်းရည်များ စိုမှာ ဂရုမစိုက်ဟန်ဖြင့် တွေ့ရာခုံတန်းတွင် ဝင်ထိုင်လိုက်သည်..။ ထို့နောက် သူ့ဘေးမှာ ဝင်ထိုင်လိုက်သူကို စေ့စေ့ကြည့်ကာ..
"ကောကော ဘာဖြစ်တာလဲ ငါ့ကို ပြောပြ"
ဝေ့ရော့လိုင်က သူ့ကို နက်နဲသော အကြည့်ဖြင့် စိုက်ကြည့်ကာ အတန်ကြာမှ ပြန်ဖြေသည်..။ သို့သော် သူ့မေးခွန်းကို ပြန်ဖြေခြင်းတော့ မဟုတ်..။
"ရှောင်းကျန့်.. ငါ တောင်းပန်ပါတယ်"
တကယ်တမ်းပြောရရင် တောင်းပန်တာနဲ့တောင် မလုံလောက်ပါဘူး..။
ရှောင်းကျန့် ခဏ ငြိမ်သက်နေပြီးမှ နှုတ်ခမ်းများက တွန့်ကွေးသွားသည်..။
"ဝေ့ရော့လိုင်.. မင်းသိလား.. ငါ မင်းကို တကယ်ပဲ နားမလည်တော့ဘူး"
ချစ်တယ်လို့ ပြောတာလဲ သူပဲ.. ပြောင်းလဲသွားပြီလို့ ပြောတာလဲ သူပဲ.. အခုတခါ တောင်းပန်နေပြန်ပြီ..။
ဝေ့ရော့လိုင်က ရှောင်းကျန့်နှင့် မျက်လုံးချင်းမဆုံ..။ သူက တည်ငြိမ်ချင်ယောင်ဆောင်၍ တည်ငြိမ်သော အသံဖြင့်..
"ငါ့ကို နားလည်ဖို့ မလိုပါဘူး"
သူတို့ သုံးယောက်ထဲမှာ ဝေ့ရော့လိုင် တယောက်ထဲပဲ ကျန်ခဲ့ရတာ..။ သူ့ကိုပဲ အဆုံးထိ ငြင်းခံခဲ့ရတာ..။ ထပ်ခါထပ်ခါ ငြင်းဆန်ခဲ့တာ..။
သူ အညံ့ဆုံးမို့လို့ နေမှာပေါ့..။ စကတည်းက ခြေလှမ်းမှားခဲ့လို့လား..။
အစမကောင်းတော့ အနှောင်းမသေချာခဲ့..။
ရှောင်းကျန့်က ဒီအကြောင်း စကားမဆက်ချင်ဟန်ဖြင့် ခေါင်းကိုစောင်းကာ အသံနိမ့်နိမ့်ဖြင့် အရင်က စကားကို ဆက်သည်..။
"ဘာပဲဖြစ်ဖြစ်လေ.. ကောကောက ငါ့ကို မတွေ့ချင်တော့ဘူးပဲဟာ.. ဘာထူးမှာလဲ"
ဒါကိုကြားတော့ ဝေ့ရော့လိုင် နှာခေါင်းရှုံ့မိသည်..။
"ငါပြောတာ အရင်နားထောင်.. ငါ ရိပေါ်အကြောင်း ကောင်းကောင်းသိတယ်"
YOU ARE READING
ချစ်မိတဲ့အခါ...
Fanfictionချစ်မိတဲ့အခါ အဆုံးစွန်အထိ အနစ်နာခံ ပေးဆပ်တတ်ကြတယ်... ချစ်မိတဲ့အခါ အဆုံးစွန်အထိ အတ္တကြီးတတ်ကြတယ်... သင်ရော.. ချစ်မိသွားပြီလား..??