Part - 18

986 78 34
                                    

အချိန်ဘယ်လောက်ကြာသွားသည်မသိ..။ ဝေ့ရော့လိုင် တံခါးဖွင့်လိုက်တော့ သူ့ရှေ့က မြင်ကွင်းက အသက်ရှူရပ်မတတ်..။

မှောင်တဝက်လင်းတဝက် အခန်းထဲမှာ ကိုယ်ဟန်သွယ်သွယ် အရိပ်ကလေးက ထောင့်မှာ ကွေးကွေးကလေး ထိုင်နေသည်..။ မျက်နှာမှာ မခြောက်သေးသော မျက်ရည်စတွေနှင့်..။ မျက်နှာတခြမ်းကတော့ မှောင်ရိပ်ကျနေသည်..။ ကြွေရုပ်လေးလို ထိလိုက်ရင် ကွဲကြေသွားတော့မည့်ဟန်..။

ဝေ့ရော့လိုင် ရင်နင့်စွာဖြင့် ဖြည်းဖြည်းချင်း အနားကပ်သွားသည်..။ သူ့ကို မော့ကြည့်လာသော မျက်ဝန်းအစုံက နီရဲလို့..။ သူ့နှလုံးသား ‌နာကျင်သွားရသည်..။

"ရှောင်းကျန့်.."

ဘာတွေ ဖြစ်ခဲ့လဲတော့ သူမသိ..။ မနက်လင်းတော့ ရိပေါ်က check out လုပ်သွားပြီ..။ သူ့ရှေ့ကလူ ပြိုလဲနေပုံကို ကြည့်ပြီး ဘာတွေ ဖြစ်ခဲ့လဲ အကြမ်းဖျင်းတော့ မှန်း၍ ရသည်..။

ရှောင်းကျန့် မျက်ဝန်းတွေက အသက်မဲ့နေသူလို..။ သူ့အမူအရာကလည်း အသက်မပါ..။ ဝေ့ရော့လိုင် တုန်လှုပ်သွားပြီး ရင်ခွင်ထဲထည့်ကာ ဖက်ထားမိသည်..။

"ရှောင်းကျန့်!! ရှောင်းကျန့်!! ငါ့ကို မခြောက်ပါနဲ့!!"

သူ့လေသံက မ‌ေသချာ မရေရာ.. အတုန်တုန် အလှုပ်လှုပ်..။

သူ့လက်ထဲမှ လူက သတိဝင်လာပုံပေါ်သည်..။ သူ့ကို ‌ေငးကြည့်နေပြီးမှ မျက်ရည်တွေ အသစ်တဖန် စီးဆင်းလာပြန်သည်..။

"ဝေ့ရော့လိုင်.. သူ ငါ့ကို မလိုချင်တော့ဘူး..

"ငါတို့ လမ်းခွဲလိုက်ပြီ..."

သူများ နာကျင်နေတဲ့အချိန် ဝမ်းမသာသင့်ဘူးဆိုတာ သိပါလျက်နဲ့.. ဒီကိစ္စက သူ့ပယောဂ မကင်းဘူးဆိုတာ သိပါလျက်နဲ့ ဝေ့ရော့လိုင် ရင်ဘတ်ထဲက နတ်ဆိုးက တဟားဟား ပျော်မြူးနေသည်..။

ငါ တကယ့်ကို မကောင်းဆိုးရွားပဲ.. ချစ်မိတဲ့အခါ ဒီလိုပဲလား..

ဒါပေမယ့် ရှောင်းကျန့်အတွက်သာဆို မကောင်းဆိုးရွားမကလို့ ဘာကြီးဖြစ်ဖြစ်..။

"လိမ္မာတယ်နော်.. အဆင်ပြေသွားမှာပါ"

သူက ရင်ခွင်ထဲက ရှောင်းကျန့် ကျောလေးကို ပွတ်ပေးနေသည်..။ သူ့ရင်ခွင်ထဲက ကိုယ်လေးက တသိမ့်သိမ့်..။

ချစ်မိတဲ့အခါ...Where stories live. Discover now