"မင်း ဘာလုပ်တာလဲ!!"
ယဲ့မီ မျက်လုံးများက အေးစက်သွားသည်..။ သူက ကားဆီသွားရန် ဟန်ပြင်နေသည့် ဝမ်ရိပေါ်ရှေ့မှာ လက်တဖက်ကို ဆန့်တန်းကာ တားလိုက်သည်..။
ဝမ်ရိပေါ်သူ့ကို စေ့စေ့ကြည့်ပြီးနောက် မလှမ်းမကမ်းမှာ ရပ်ထားသည့် ကားကို လှမ်းကြည့်သည်..။ သူ့ရင်ထဲက သံသယတွေက ပို၍ ပို၍ ခိုင်မာလာသည်..။
"ယဲ့မီ.. မင်း လိပ်ပြာမလုံဘူး မဟုတ်လား"
ဝမ်ရိပေါ်က အတန်ကြာမှ ကားဆီမှ အကြည့်လွှဲလိုက်ပြီး ယဲ့မီကို သရော်ဟန်ဖြင့်ပြောသည်..။
ယဲ့မီက လက်နှစ်ဖက်ကို ပိုက်လိုက်ရင်း မခိုးမခန့်ဟန်ဖြင့်
" ဝမ်ရိပေါ်.. မင်းနဲ့ အချိန်ဖြုန်းနေဖို့ ငါ့မှာ အချိန်မရှိဘူး.. မင်းဟာမင်း ပေါက်ကရလေးဆယ်တွေ လျှောက်ခန့်မှန်းနေလိုက်.."
သူကပြောပြီး လှည့်ထွက်သွားမည့်ဟန်ပြင်သည်..။
"မင်းဘာတွေ လန့်နေတာလဲ.. ဘာလို့ အမြန်ပြန်ချင်နေတာလဲ!! ကားထဲမှာ ဘာဖွက်ထားတာလဲ!! ရှောင်းကျန့်လား!!"
ယဲ့မီ ခြေလှမ်းများ တုံ့သွားသည်..။ သူ နောက်ပြန်လှည့်ပြီး ဝမ်ရိပေါ်ကို စူးစိုက်ကာကြည့်သည်..။ သူ့ပုံစံက အန္တရာယ်များသော သားရဲတကောင်လို..။
"ဝမ်ရိပေါ်!! တော်လောက်ပြီနော်.. စောက်ပြဿနာ မရှာချင်စမ်းနဲ့!!"
ဝမ်ရိပေါ်လည်း ဒေါသထွက်လာသည်..။ သူက ယဲ့မီနား ကပ်သွားပြီး အင်္ကျီကော်လာကို ဆောင့်ဆွဲကာ
"ယဲ့မီ.. မင်း!! ခွေးထက် အောက်တန်းကျတဲ့ကောင်!! လူယုတ်မာ!!"
ယဲ့မီ မျက်နှာကလည်း တင်းမာလာသည်..။
" သူတောင်းစား.. မင်းကများ မင်းအဖေငါ့ကို လာဆဲနေသေးတယ်.. လျှာရှည်ချင်ဦးကွာ!!"
သူက သူ့ကော်လာကို ဆုပ်ကိုင်ထားသော ဝမ်ရိပေါ်လက်များကို လက်ပြန် ရိုက်ချသည်..။ ထို့နောက် ဝမ်ရိပေါ်ကို တွန်းပစ်သည်..။ စကတည်းက တုတ်ကောက်နှင့် ဟန်ချက်ထိန်းထားရသော ဝမ်ရိပေါ်မှာ မြေပြင်ပေါ် ပစ်လဲသွားသည်..။
![](https://img.wattpad.com/cover/365737708-288-k398163.jpg)
YOU ARE READING
ချစ်မိတဲ့အခါ...
Fanfictionချစ်မိတဲ့အခါ အဆုံးစွန်အထိ အနစ်နာခံ ပေးဆပ်တတ်ကြတယ်... ချစ်မိတဲ့အခါ အဆုံးစွန်အထိ အတ္တကြီးတတ်ကြတယ်... သင်ရော.. ချစ်မိသွားပြီလား..??