"ရှောင်း.. ကိုယ် မင်းကို အရမ်းချစ်တာကွ.. မင်းသိရဲ့လား"
ယဲ့မီက သူ့ရင်ခွင်ထဲကလူ၏ နဖူးကို ဖွဖွလေးနမ်းရင်းပြောသည်..။
"မကြာခင် ကိုယ်တို့ ဒီနေရာက ထွက်သွားမယ်.. တရုတ်မှာ လိင်တူလက်ထပ်လို့မရတော့ ရတဲ့နိုင်ငံမှာ သွားလက်ထပ်ကြမယ်.. ပျော်စရာကြီးနော်"
ရူးနေပြီ.. ဒီလူ..။
ရှောင်းကျန့် စကားတလုံးမှ မပြော..။ သူ့ နူးညံ့သော အသားအရေက မာကင်ရာနှင့် လက်ရာတွေ ဗရပွ..။
ဒီရက်တွေထဲ သူဘယ်လို ရှင်သန်ခဲ့လဲတောင် မသိတော့..။ စားချိန်အိပ်ချိန်ကလွဲရင် ကျန်တဲ့အချိန်တိုင်းမှာ ယဲ့မီက သူ့ကို စိတ်ကြွဆေးတွေ ကျွေးသည်..။ မစားလို့လဲ မရ..။ ဇွတ်ကျွေးသည်..။ ပြီးရင် အချိန်ရှိသရွေ့ ကုတင်ပေါ်က မဆင်းရတော့..။ ရုန်းလို့လည်းမရ.. တောင်းပန်လို့လည်း မရ.. အော်ဟစ်ဆဲဆိုလည်းမရ..။ သူ ပင်ပန်းနေပြီ..။
နေရတာ zombieကျနေတာပဲ..။ လွတ်မြောက်ချင်တယ်.. ဒီအခြေအနေကြီးကနေ..။
ယဲ့မီက သူတိတ်ဆိတ်သွားတာကိုလည်း ဂရုမစိုက်..။ ရှောင်းကျန့်ကို စောင်ခြုံပေးရင်း
"Goodnight Baby"
အိပ်ပျော်နေသော မျက်နှာလေးကို အားရအောင်ကြည့်ပြီးမှ ယဲ့မီ တံခါးကို ငြင်သာစွာ ပိတ်လိုက်သည်..။
တံခါးအပြင်ဘက် ရောက်သည်နှင့် သူ့မျက်နှာက တည်တင်းသွားပြီး ကြောက်မက်ဖွယ်..။ ယဲ့မီ သူ့အိတ်ထောင်ထဲမှ တဒီးဒီး တုန်ခါနေသော ဖုန်းကို ယူပြီး ထောင့်တနေရာသို့ လျှောက်သွားသည်..။
ဒီ.. စောက်ရေးမပါတဲ့ကောင်တွေ!!
ကြမ်းပြင်က ဖုန်တွေ ထူထပ်လျက်..။ နေရာက ကျယ်သော်လည်း ယိုယွင်းပျက်စီးနေသည်..။ အပေါ်က မီးပန်းဆိုင်းကတောင် အချိန်မရွေး ပြုတ်ကျတော့မည့်ပုံ..။
ဒီနေရာက လူသူမရှိသည့် Villa တခု..။ Villa တခုလုံးမှာ လူလူသူသူဖြစ်သည့်နေရာဆိုလို့ ရှောင်းကျန့်ကို ချုပ်ထားသည့် အခန်းတခုသာ..။
***
"ဟုတ်ကဲ့ပါ ရဲအရာရှိမင်း.. ကျွန်တော့်ကို မနေ့ကမှ စစ်ဆေးထားတာလားလို့..

YOU ARE READING
ချစ်မိတဲ့အခါ...
Hayran Kurguချစ်မိတဲ့အခါ အဆုံးစွန်အထိ အနစ်နာခံ ပေးဆပ်တတ်ကြတယ်... ချစ်မိတဲ့အခါ အဆုံးစွန်အထိ အတ္တကြီးတတ်ကြတယ်... သင်ရော.. ချစ်မိသွားပြီလား..??