Part - 15 🔞🔞

2K 89 50
                                        

လမ်းတလျှောက် ရှုခင်းတွေကို ကားလေးက တရိပ်ရိပ် ဖြတ်ကျော်သွားသည်..။ မြင်မြင်သမျှက အစိမ်းရောင် သစ်ပင်တွေ..။ ကျယ်ပြန့်သော ကတ္တရာလမ်းက စူးရဲသော နေရောင်အောက်မှာ အခန့်သား..။ တည်ငြိမ်သော ကန်ရေပြင်လို..။

ရှောင်းကျန့် ကားကူရှင်ကို မှီပြီး ဘေးမှလူကို မျက်စိထောင့်မှ ခိုးကြည့်လိုက်သည်..။ ကောကောက သွက်လိုက်တာ..။ သူအဖြေပေးပြီးသည်နှင့် ချက်ချင်း ကမ်းခြေကို ခရီးထွက်ကြဖို့ ဆိုလာသည်..။ ကောကောပြောတာ ခုလောလောဆယ် ကစားဖို့ ပွဲစဉ်တွေ မရှိတုန်း အနားယူရအောင်တဲ့..။

ရှောင်းကျန့်လည်း အပန်းဖြေခရီး ထွက်ချင်ပါသည်..။ ဒါပေမယ့်...

သူ့မျက်ဝန်းက နေက်ကြည့်မှန်ထဲက နက်ရှိုင်းသော မျက်ဝန်းတစုံနှင့် သွားဆုံသည်..။ ရှောင်းကျန့် ချက်ချင်း အကြည့်လွှဲလိုက်သည်..။

ဒါပေမယ့် ဘာလို့ ဝေ့ရော့လိုင်ကိုပါ ခေါ်လာရတာလဲ...

ကောကောက သူတို့ RSကို အတိအလင်းမကြေငြာ..။ ရှောင်းကျန့်လည်း သဘောတူသည်..။ အရမ်း ကုတ်တရက် ဆန်နေမလားလို့..။ ဝေ့ရော့လိုင်က သူနှင့်ကောကောကို အရင်ကတော့ စွပ်စွဲဖူးသည်..။ မှားပြီး စွပ်စွဲတာဆိုပေမယ့်လည်း ခုတော့ တမျိုးကြီးပဲ..။

နောက်ခုံမှာ ထိုင်နေသော ဝေ့ရော့လိုင်က ခုလေးတင် မျက်လုံးချင်း လွှဲသွားသော သူ၏ ခေါင်းလုံးလုံးလေးကို ကြည့်နေမိသည်..။ ဘာလို့ အကြည့်လွှဲသွားတာလဲ.. ငါ့ကို ကြည့်မရသေးဘူးလား..။

ဝေ့ရော့လိုင်က ဘာကိုမျှ ဂရုစိုက်တတ်သူ မဟုတ်..။ ရှောင်းကျန့်နဲ့ ပတ်သက်တာက လွဲရင်ပေါ့..။ ဝမ်ရိပေါ်က ကမ်းခြေကို အပန်းဖြေ ထွက်ကြမည်ဆိုတော့ ရှောင်းကျန့်နာမည် ကြားသည်နှင့် ချက်ချင်း သဘောတူလိုက်သည်..။

ဘာကြောင့်မှန်းမသိ..။ ထိုကောင်လေး၏ စိတ်က သူ့ဆီမှာ မဟုတ်ဟု ခံစားမိပါလျက်နှင့် သူ့နှလုံးသားက လက်မခံနိုင်..။ မြင်မြင်ချင်း အချစ်လို့ပဲ ဆိုရမလား.. အတူ တညတာ ကုန်ဆုံးပြီးလို့ပဲ စွဲလမ်းသွားတာလား.. ပြောရတော့ ခက်တယ်..။

ကားခဏနားတော့ ဝေ့ရော့လိုင် မရှိခင် ရှောင်းကျန့်က ဝမ်ရိပေါ်ကို တိုးတိုးတိတ်တိတ် မေးသည်..။

ချစ်မိတဲ့အခါ...Where stories live. Discover now