ဒီနေ့တော့ ကောင်းကင်ပြာပြာမှာ တိမ်တစမျှမရှိ..။ အထိန်းအကွပ်မရှိသည့် ပူပြင်းသော နေရောင်အောက်တွင် လူတယောက်က အိတ်တလုံးကို ဆွဲပြီး သဲကြီးမဲကြီး ပြေးနေသည်..။
ဝေ့ရော့လိုင် မျက်နှာပေါ်မှ ချွေးစေးတွေကို သုတ်လိုက်ပြီး အခန်းတံခါးကို ခေါက်လိုက်သည်..။
"ခေါင်းဆောင်!!"
"Captain ပြန်လာပြီ!!"
"ဟာ.. Captain!!"
သူ့ကို ဝိုင်းနှုတ်ဆက်ကြသော အသင်းသားတွေအား ဝေ့ရော့လိုင် ပြုံး၍ နှုတ်ဆက်လိုက်သည်..။ လာနှုတ်ဆက်သူတွေထဲမှာ သူမြင်ချင်သောသူ မပါ..။ အခန်းထဲ ဝေ့ကြည့်တော့လည်း မတွေ့..။ သူ စိတ်ပျက်သွားသည်..။
"မင်းတို့ လက်ထောက်ခေါင်းဆောင်ကော"
အော်ဟစ်နှုတ်ဆက်နေသော အသင်းသားတွေက ငြိမ်ကျသွားပြီး အခန်းက တိတ်ဆိတ်သွားသည်..။ တခုခုတော့ မှားနေပြီ..။ ဝေ့ရော့လိုင်က လီလဲ့ကို မျက်ခုံးပင့်ကာ ကြည့်သည်..။
"လီလဲ့.. ဘာဖြစ်ခဲ့လို့လဲ.. လက်ထောက်ခေါင်းဆောင်မှာ ဘာပြဿနာရှိလို့လဲ"
လီလဲ့က ချောင်းဟန့်ရင်း ဝေ့ရော့လိုင်ကို မရဲတရဲကြည့်သည်..။ ထို့နောက် အသံတိမ်တိမ်ဖြင့်..
"Captain .. မနေ့က ကျွန်တော်တို့.. ဟို.. လျဲ့ဖုန်းအသင်းနဲ့ ပထမပွဲစဉ် ရှုံးသွားတယ်"
ဝေ့ရော့လိုင် မျက်နှာက အမူအယာပြောင်းမသွား..။ ထူးဆန်းတယ်.. ခါတိုင်း အရှုံးဆိုရင် လုံးဝလက်မခံနိုင်တဲ့သူကလေ..။
"အဲ့ဒါနဲ့ လက်ထောက်ခေါင်းဆောင်နဲ့ ဘာဆိုင်လို့လဲ"
လီလဲ့က သူ့ကို မကြည့်ဝံ့ပဲ..
"လက်ထောက်ခေါင်းဆောင်လည်း မနေ့ကပွဲမှာမပါဘူး.. နည်းပြဆူတာ ခံလိုက်ရတယ်"
"သူ ဘယ်မှာလဲ"
"ကျွန်တော်လဲ မသိဘူး.. မနေ့ညကလည်း အဆောင်ပြန်မလာဘူး"
လီလဲ့က ခေါင်းကုတ်ရင်း ဖြေသည်..။ ခေါင်းဆောင်က ဘာလို့ ရုတ်တရက်ကြီး တအား ဂရုစိုက်နေတာလဲ..။
ပြန်မလာဘူး..?? မဟုတ်သေးပါဘူး.. ရှောင်းကျန့် စိတ်ဓာတ်နဲ့ဆို ဒီလောက် ဆူခံရတာလောက်တော့ အငြိုးအတေးထားနေမှာမဟုတ်ဘူး..။ ဝေ့ရော့လိုင် မျက်နှာက စိတ်ရှုပ်သည့်အမူအရာသို့ ပြောင်းသွားသည်..။ သူ အခန်းထဲမှ ထွက်လာခဲ့သည်..။
YOU ARE READING
ချစ်မိတဲ့အခါ...
Fanfictionချစ်မိတဲ့အခါ အဆုံးစွန်အထိ အနစ်နာခံ ပေးဆပ်တတ်ကြတယ်... ချစ်မိတဲ့အခါ အဆုံးစွန်အထိ အတ္တကြီးတတ်ကြတယ်... သင်ရော.. ချစ်မိသွားပြီလား..??