1

166 13 2
                                    


[Unicode]

[ထိုဇာတ်လမ်းမှအကြောင်းအရာများကို
အပြင်လောကနှင့် ဆက်စပ်ပြီးမတွေးပဲ
ဇာတ်လမ်းကို ဇာတ်လမ်းအတိုင်ပဲမြင်ပေးကြရန်
မေတ္တာရပ်ခံအပ်ပါသည်။]

"သမီးရေ...သမီးလီဆာ"

"ရှင်!ဖေဖေ သမီးလာပြီ"

လီဆာတစ်ယောက် အလုပ်ကမောမောပန်းပန်းပြန်လာတဲ့
အဖေ့အတွက် ညစာချက်နေရင်း​အဖေ့ခေါ်သံကြောင့်
တံခါးဖွင့်ပေးလိုက်သည်။အရေးအကြောင်းဆို
ပြေးကြည့်စရာဆိုလို့ ဒီသားအဖနှစ်ယောက်ထဲရှိတာ။
အဖေဟာ လီဆာ့အတွက်တော့ ခိုနားရာကမ္ဘာကြီးတစ်ခုပါ။

"သမီးစာလုပ်နေတာလား"

ဖေဖေက အပေါက်ဝနားမှာ ဖိနပ်ချွတ်ရင်း
မေးတော့ လီဆာက ပြုံး လျက်နှင့်ပြန်ဖြေသည်။

"ဟင့်အင်း သမီးဒီနေ့စာလုပ်စရာမရှိပါဘူးဖေဖေ
အခုက အင်းး နေဉီး ဖေဖေ့ကိုပြမယ်"

အဖေ့လက်ကလေးကိုဆွဲကာ ထမင်းစားဆောင်ထဲခေါ်လာတော့
အဖေက ခပ်ပြုံးပြုံးဖြင့် လိုက်ပါလာသည်။

"ဂျန်းး ဂျန်..."

"ဟာ ဟင်းတွေအများကြီးပဲ
ဒါကိုသမီးတစ်ယောက်ထဲချက်ထားတာလားး"

"ဒါပေါ့ သမီးကဘယ်သူလဲ ဟိုတယ်ကြီးတစ်ခုက
စီနီယာ စားဖိုမှူးကြီးရဲ့သမီးပဲဟာ"

အ​ဖေက တစ်ချက်ရယ်ကာ
လီဆာ့ခေါင်းလေးကိုခပ်ဖွဖွပုတ်ပြီး

"အပင်ပန်းမခံပါနဲ့သမီးရယ် အဖေကရှိတာနဲ့စားတတ်ပါတယ်
အဖေပြန်လာမှ ကိုယ့်ဟာကိုယ်စီစဉ်ပြီးစားမှာပေါ့"

"မဟုတ်တာအဖေရယ် အလုပ်ကနေ မောမောပန်းပန်းနဲ့
ပြန်လာတဲ့အဖေ့ကို အဆင်သင့်စားလို့ရအောင် ပြင်ဆင်ပေးတာပါ သမီးရဲ့လုပ်ပေးချင်တဲ့ဆန္ဒပါ
နောက်ပြီး အဖေအများကြီးစားရမယ်နော်"

အဖေက လီဆာ့အားဝမ်းနည်းတဲ့အကြည့်တွေနဲ့ကြည့်ကာ
လီဆာ့လက်တွေကိုကိုင်ထားတယ်။

"သမီးလေး ဖေဖေ့ရဲ့ကလေးလေး
အရွယ်ရောက်လာပြီပဲ ဒီကလေးလေးကိုအဖေဘယ်လောက်တောင် ပြုစုစောင့်ရှောက်ခဲ့ရလဲ"

A Carnation Of ChangeabilityWhere stories live. Discover now