လေယာဉ်ပေါ်ကနေ မြေကြီးပေါ်ခြေချလိုက်သည်နှင့် ငါအီတလီနိုင်ငံကို ရောက်လာခဲ့ပြီ
ဆိုတဲ့ အတွေးက ပျော်မဆုံးပင်..။ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ နိုင်ငံ
တော်တော်များများ ရောက်ဖူးခဲ့သည်..။
သို့ပေမယ့် ငါ့ရဲ့အိမ်မက်နိုင်ငံဖြစ်တဲ့
အီတလီကို ပထမဆုံး ခြေချချင်းဖြစ်သည်..။အီတလီနိုင်ငံ Romeမြို့..
တစ်နည်းအားဖြင့် အိုဟောင်းနေသည့် ရှေးဟောင်း
အဆောက်အအုံတွေနဲ့ နတ်ဘုရားတွေ
နေခဲ့တဲ့ နေရာလို့လဲ တင်စားကြသည်..။ကင်မရာချိန်လိုက်တဲ့နေရာတိုင်းဟာ
အနုပညာလက်ရာတွေ ပြည့်နှက်နေလောက်တဲ့
အထိ Romeမြို့ဟာ လှသည်..။သိပ်မမြင့်လှသည့် အဝါရောင်တိုက်အိမ်လေးတွေ
ကြား လမ်းလျှောက်ရသည့် အရသာဟာ ဘာနဲ့မှ
မလဲနိုင်လောက်တဲ့အထိ..။အိမ်တိုင်းရဲ့ ဝရန်တာထက်မှာ စိမ်းလန်းနေသည့်
ပန်းပင်လေးတွေကိုလဲ ကင်မရာတစ်လုံးနဲ့
ရိုက်ကူးနေမိသည်..။ ဓာတ်ပုံဆရာ
တစ်ယောက်အတွက် ဒါဟာ အထူးအဆန်းတော့
မဟုတ်လှ..။အမိုးလေးတွေ ကိုယ်စီရှိနေကြတဲ့ ကော်ဖီ
ဆိုင်လေးတွေဟာလည်း Romeရဲ့အလှကို
ပိုပြီး ဖြည့်စွက်ပေးနေသည်..။အသားဖြူဖြူ အီတလီလျံတွေဟာလည်း
သဘောကောင်းလွန်းတာ ငါကြိုက်တဲ့အချက်ပင်..။ဆက်ပြီး လျှောက်ပတ်ကြည့်နေရင် ကုန်တော့မှာ
မဟုတ်ဘူး အခုလောလောဆယ် ဟိုတယ်ကို
သွားရမယ်..။" မင်းရောက်လာပြီပဲ.."
" အင်း Rome ကတော်တော်လှတယ်.."
အသိအစ်ကိုတစ်ယောက်ဟာ အီတလီမှာ
ဟိုတယ်ဖွင့်ထားတယ်တာလေ..။ အဲ့တာကြောင့်
ငါတကူးတက ဟိုတယ်ရှာစရာမလိုတော့တာ
အရမ်းဝမ်းသာဖို့ကောင်းသည် ခရီးသွား
ရာသီမဟုတ်ရင်တောင် အီတလီဟိုတယ်တွေက
လူပြည့်ဆဲပင်..။" လူတွေရော မလှဘူးလား.."
" လှပါတယ် သဘောကောင်းကျတယ်.."
" အနားယူလိုက်ရောပေါ့ နောက်မှ
အေးဆေးလည် ကြာကြာနေမယ်မဟုတ်လား.."
YOU ARE READING
Il Mio Ragazzo È Italiano { COMPLETED }
Fanfiction/ ချစ်ခြင်းအစ အီတလီက / GEMINI×FOURTH