Ep-3

408 49 6
                                    

ခုန်စွခုန်စွနဲ့ ဟိုတယ်ကို ပြန်လာတဲ့ Gemini ကြောင့်
Kenသည် အလန့်တကြားကြောင်ကြည့်ပြီး
သူ့ကိုကျော်သွားတော့မည့် Gemini ကို
တားမိသည်..။

" ကင်းကိုက်လာတာလားမင်း.."

" ဟာ ဘယ်ကသာ.."

ပေါက်ကရမေးတော့ ပြာပြာသလဲလဲ
ငြင်းရှာသည်..။

မနက်ထဲကပြင်ပြင်ဆင်ဆင်ထွက်သွားတာကြောင့်
ဘာဖြစ်လာတာလဲ ဘယ်သွားလာတာလဲဆိုတာကို
စပ်စုချင်နေပြီလေ..။

" ပြောပြမယ် ကျွန်တော်သူနဲ့ထပ်တွေ့ခဲ့တယ်
သူကကော်ဖီလဲတိုက်တယ် ဒီမှာတွေ့လား
နှင်းဆီပန်းပေးလိုက်တယ်.."

" အော်အဲ့တာကြောင့်ကို..မင်းကအဲ့ကောင်လေးဆီ
ဘာသွားလုပ်တာလဲ.."

ထိုအခါ‌ဘယ်လိုပြောရမှန်းမသိဘူး..။
မနက်တုန်းက ခြေဦးတည့်ရာ လျှောက်သွားရင်း
ရောက်သွားတာလို့ပဲဆိုရမလား..။

ငါတမင်သကာသွားတာတော့ လုံးဝ
မဟုတ်ဘူးနော်..။

" ဒီတိုင်းရောက်သွားတာပါ..ဘာမှမလုပ်ဘူး.."

" အော် ဒီတိုင်းရောက်သွားတာလား.."

မယုံသလို မျက်နှာပေးမျိုးနဲ့ကြည့်နေသည့် အစ်ကိုKenကြောင့် ငါဘာပြန်ပြောရမှန်း
မသိတော့ပေ..။

မထူးပါတော့ နှုတ်ဆက်ပြီး ဟိုတယ်ခန်းကိုသာ
ခပ်သွပ်သွပ်လျှောက်လာပြီး ဦးတည်လိုက်သည်..။

အခန်းထဲရောက်သည့်နှင့် အရင်ဦးဆုံး ခွက်တစ်ခုအရင်ရှာပြီး ရေထည့်ကာ ထိုခွက်လေးမှာပဲ
နှင်းဆီဝါလေးအား ထည့်ထားလိုက်သည်..။
ပြီးတာနဲ့ ကုတင်ပေါ်အိပ်ချပြီး
နုဖူးပေါ် လက်တင်ကာ ငါစဉ်းစားနေမိသည်..။

အီတလီလျံ-ထိုင်း ကပြားလေးဟာ လိုတာထက်ပိုပြီး
ရဲတင်းလွန်းနေခဲ့သည်..။ သူ့ရဲ့ စိမ်းပြာရောင် မျက်ဝန်းတွေကို လှလားလို့ မေးလာသည့်အခိုက်အတန့်မှာ ငါစိမ်းပြာရောင်မျက်ဝန်းတွေဆီ
အကြည့်ရောက်ပြီး လှုပ်ရှားမှုတွေရပ်တန့်သွားခဲ့သည်..။

' လှတယ် ' ဟု ပြန်ဖြေလိုက်တော့ စိမ်းပြာလေးဟာ
သဘောကျပြီး သွားတွေအကုန်ပေါ်တဲ့အထိ
ရယ်လေသည်..။ ဘယ်လိုပြောရမလဲ အပြုံးကအစ
လှနေတာမျိုးလေး..။

Il Mio Ragazzo È Italiano { COMPLETED }Where stories live. Discover now