Ep-11

390 45 4
                                    

အခန်းအတွင်းဖြာကျလာသည့်နေရောင်ခြည်ရယ်
အချို့သော ငှက်ကလေးတွေရဲ့ တေးသီချင်း
သီဆိုသံတွေကြောင့် အိပ်ရာထက်မှာ ငါလူးလွန့်ပြီး
နိုးထလာခဲ့သည်..။

မျက်လုံးပွင့်တာနဲ့ဘေးကိုကြည့်မိတော့ Geminiဟာ အိပ်နေတုန်းပင်..။

Geminiကိုမြင်တာနဲ့ ငါမျက်လုံးပြူးသွားရသည်..။ မနေ့ညက အဖြစ်အပျက်တွေဟာ
ခေါင်းထဲမှာတန်းစီပြီး ပေါ်လာခဲ့သည်..။
ငါလုံးဝပူထူသွားခဲ့သည်..။

နှုတ်ခမ်းချင်းထိကပ်သွားသည့်မြင်ကွင်းဟာ
ရှင်းရှင်းလင်းလင်း အတွေးထဲမှာ ပေါ်လာခဲ့သည်..။
မနက်ဟာအခုအချိန်လောက်ဆိုပူထူပြီး
နီရဲနေလောက်ပြီ ဘယ်လိုလုပ်ရပါမလဲ..။

" သေလိုက်ပါတော့ ငါလေးရယ်.."

ကိုယ့်ပါးကို ခပ်ဖွဖွလေးပြန်ရိုက်ပြီး အပြစ်တင်
မိသည်..။ geminiကိုကြည့်လိုက်‌တော့
အိမ်မောကျနေတုန်းပဲပင်..။ နိုးလာရင် ဘယ်လို
မျက်နှာပြရမှာလဲ မျက်နှာချင်းဆိုင်တိုင်
တွေ့ဖို့ အရမ်းရှက်စရာကောင်းနေပြီလေ..။

ခပ်မြန်မြန်သာ ကုတင်ပေါ်ကနေထပြီး
ရေချိူးခန်းထဲဝင်လာလိုက်သည်..။
Geminiမနိုးခင် အကုန်ပြီးစီးအောင်
လုပ်ရမယ် မဟုတ်လား...။

ရေချိုးခန်းထဲရောက်သည်နှင့် မှန်မှာ
ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်မိသည်..။
ခရမ်းချဉ်သီးတစ်လုံးလိုမျိုး လုံးဝ
နီရဲတွတ်နေခဲ့သည်..။ နားရွက်တွေအပါအဝင်ပေါ့..။

" ငါဘာလို့အဲ့လောက်အထိ မူးသွားရတာလဲ.."

ပုံမှန်သောက်ရင် သိပ်မသောက်တာကြောင့်
မမူးပေမယ့် မနေ့ကအတော်လေးများသွားလို့
ထင်တယ်..။ သူငါ့ကိုတောက်လျှောက်လုံး
ထိန်းခဲ့ရမှာပဲ ဘယ်လိုလုပ်မလဲ ငါအရမ်း
အားနာမိတယ်..။

ရေအားအမြန်ချိုးပြီး အဆင်ပြေမဲ့ဝတ်စုံအား
ယူဝတ်ကာ Geminiမနိုးခင် အောက်ကို
ဆင်းလာခဲ့လိုက်သည်..။ သေချာပေါက်
မျက်နှာချင်းမဆိုင်အောင်ရှောင်မှဖြစ်မယ်
မျက်နှာချင်းဆိုင်ရင် ငါရှက်လို့ သေမှာပဲ..။

လှေကားပေါ်ကနေ ခပ်မြန်မြန်သာ‌ အောက်ထပ်သို့
ဆင်းလာခဲ့သည်..။ နာရီအားကြည့်လိုက်တော့
စောသေးတော်လဲ ပန်းဆိုင်ကို သွားမှဖြစ်မယ်..။
Geminiစိတ်မဆိုးလောက်ပါဘူးနော်..။

Il Mio Ragazzo È Italiano { COMPLETED }Where stories live. Discover now