1 year later...
ဧည့်ခန်း၏ နံရံမှာ ချိတ်ဆွဲထားသည့် ဓာတ်ပုံ
ကားချက်ဟာ ကြီးမားပြီး ထည်ဝါလှသည်..။မှန်ဘောင်ကို ရိုးရိုးရှင်းရှင်း အဖြူရောင်နဲ့သာ
ကွက်ထားပေမယ့် ဓာတ်ပုံကတော့ လှတာထက်ကို
ပိုလွန်းသည်..။ထိုဓာတ်ပုံထဲက ကောင်လေးနှစ်ယောက်ဟာ
တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး
ချိုမြိန်တဲ့အပြုံးကိုယ်စီ ပြုံးထားကြသည်..။
ဘယ်ကလဲကြည့်ကြည့် ကြည်နူးစရာ
ကောင်းတဲ့ မြင်ကွင်း မဟုတ်လား..။" ကြည့်နေပြန်ပြီလား အဲ့ဒါကို.."
ဆိုဖာပေါ်မှာထိုင်ပြီး ထိုဓာတ်ပုံအား
မေးထောက်ကာ တစိမ့်စိမ့်ကြည့်နေတဲ့
Gemini ကို လှမ်းပြောလိုက်သည်..။" ကိုယ်သဘောကျလွန်းလို့ပါ.."
ဓာတ်ပုံထဲမှာ အနက်ရောင် သတိုးသား
ဝတ်စုံဝတ်ဆင်ထားသည့် ကောင်လေးနှစ်ယောက်..။
သေချာပေါက် တစ်ယောက်က Geminiဖြစ်ပြီး
တစ်ယောက်က အီတလီသားလေး Fourth ပင်..။မြန်ဆန်လှသည့် တစ်နှစ်ဆိုသည့်အတော်အတွင်းမှာ
ငါတို့ မရရအောင်ကို လက်ထပ်ခဲ့ကြသည်..။
ချစ်သူသက်တမ်းဘယ်လောက်မှ မကြာသေးတာမို့
အီတလီသားလေးဆီကနေ မစောလွန်ဘူး လို့
ခဏခဏမေးခံရပေမယ့်လည်း Gemini ကတော့
ဘယ်လောက်သက်တမ်းရှိရှိ ဂရုမစိုက်ပါ
သူက လက်ထပ်ချင်တာပဲ သိသည်..။ဂျီကျလွန်းသည့် geminiကြောင့် fourth သည်လည်း မငြင်းတော့ပဲနဲ့ လက်ခံလိုက်သည်..။
အခုထက်ထိ အီတလီမှာပဲပင်..။ fourth မားအိမ်ကနေခွဲထွက်ပြီး တိုက်ခန်းလေးတစ်လုံးဝယ်လိုက်သည်..။ ထိုင်းကိုတော့ ငါမကြာခဏဆိုသလိုတော့
ပြန်ဖြစ်သည်..။ သွားရင်လည်း Fourth ကို
အမြဲတမ်း ခေါ်သွားသည်..။ငါ့မားသည် fourth ကို ပထမဆုံးစစတွေးတုန်းက
အရမ်းသဘောကျနေတာ..။ အထူးသဖြင့်
သူ့ရဲ့မျက်ဝန်းတွေကိုပေါ့..။ မားက ခဏခဏပြောတယ် Fourth က တကယ်အလှလေးပဲတဲ့လေ..။
ငါမငြင်းပါဘူး ငါထောက်ခံခဲ့တယ်..။Fourth ဟာလည်း မားကို အရမ်းသဘောကျတယ်..။ ပထမဆုံးအကြိမ် ထိုင်းကို ရောက်ဖူး
ပြီးသည်နှင့် fourth က ထိုင်းစာကို ကြိုးစား
ပမ်းစားလေ့လာခဲ့သည်..။ အခုဆို အတော်လေးတောင် ပြောတက်နေတဲ့အထဲပါသည်..။
YOU ARE READING
Il Mio Ragazzo È Italiano { COMPLETED }
Fanfiction/ ချစ်ခြင်းအစ အီတလီက / GEMINI×FOURTH