အီတလီခရီးစဉ်ရဲ့ 4ရက်မြောက်နေ့...
ဗိသုကာလက်ရာအပြည့်နဲ့ နေ့ရက်တိုင်း
ကြည်လင်တောက်ပနေသည့် Romeမြို့ကြီးဟာ
ငါ့အတွက်တော့ အလွန်အံ့အားသင့်ဖွယ်ကောင်း
လွန်းနေခဲ့သည်..။ နည်းနည်းလေးမှတော့
မစွန့်ခွာချင်ပါ..။ရောမမြို့ကြီးကို ရောက်ရင် Trevi Fountainဟာ လုံးဝမကျော်သွားသင့်သည့်
အလွန်လှပသည့် နေရာတစ်ခုပင်..။
သေသပ်လွန်းလှသည့် ဗိသုကာလက်ရာအပြည့်နဲ့
Trevi Fountain ကို လွန်ခဲ့တဲ့ နှစ်ပေါင်း 200ကျော်လောက်ကတည်ဆောက်ခဲ့ကြတယ်လို့
ငါစာထဲမှာ ဖတ်ပြီး လေ့လာဖူးတယ်..။ Trevi Fountain ဟာ ရောမမြို့ကြီးရဲ့ Landmark
နေရာတစ်ခုဆိုလဲ မမှားပေ..။ငါအခု ကင်မရာတစ်လုံး..စက်ဘီးတစ်စီးနဲ့အတူ
အဲ့နေရာကို သွားနေတာပင်..။ ကားတွေဘာတွေ
ငှားလို့ရတယ် ဆိုပေမယ့်လည်း ရောမမြို့ကြီးမှာ
စက်ဘီးစီးရတဲ့အရသာကို အပြည့်အဝ
ခံစားချင်တာကြောင့်ပင်..။ကားဆိုတာ ဘန်ကောက်မှာ စီးနေကြပဲ
မဟုတ်လား..။ ဒီလိုမျိုး historical
ဆန်လှလွန်းတဲ့နေရာမှာ စက်ဘီးစီးတာပဲ
ဖြစ်ဖြစ် လမ်းလျှောက်တာပဲ ဖြစ်ဖြစ်တော့
အနည်းဆုံး လုပ်သင့်သည်..။စက်ဘီးလေးစီးပြီး လတ်ဆတ်တဲ့ ရောမမြို့ရဲ့
လေကို တစ်ဝကြီး ရူရှိုက်နေမိသည်..။Trevi Fountain ရဲ့ တည်နေရာကို
ရောက်သည်နှင့် စက်ဘီးရပ်ရမည့်နေရာမှာ
ဟိုတယ်ကနေ ငှားလာခဲ့သည့် စက်ဘီးအား
သေသေချာချာရပ်လိုက်သည်..။ကင်မရာတစ်လုံးနဲ့အတူ ငါခြေလှမ်းတွေဟာ
အဝေးကနေ လှမ်းမြင်နေရသည့် ရွှေအိုရောင်
ခေါင်းလုံးလုံးလေးဆီ ဦးတည်နေသည်..။
YOU ARE READING
Il Mio Ragazzo È Italiano { COMPLETED }
Fanfiction/ ချစ်ခြင်းအစ အီတလီက / GEMINI×FOURTH