Ep-12

440 47 2
                                    

အရင်က ဖွင့်ပြောဖို့အတွက် သတ္တိမရှိခဲ့တဲ့
အချိန်တွေက အခုအချိန်နဲ့ယှဉ်ကြည့်မယ်ဆိုရင်
ဘာမှမဟုတ်သလိုလေးပါပဲလားလို့ ငါတွေးမိသည်..။

" လက်ခံတယ် " လို့ပြောလိုက်တဲ့အချိန်ဟာ
ငါ့ဘဝတစ်လျှောက်လုံး အပျော်ရဆုံး
အချိန်ဖြစ်လိမ့်ထင်ပါရဲ့..။ ငါဟာ
အဲ့နေ့က အပျော်ရဆုံးလူသားဖြစ်ခဲ့တယ်..။
_________________________________________

" Gemini ထတော့လေ!.."

" ၅မိနစ်ပဲ.."

ထုံးစံတိုင်း နောက်ကျမှ ထတက်တဲ့ Geminiကို
Fourth တစ်ယောက်အတင်းဆွဲထူပြီး
နိုးနေရခြင်းဖြစ်သည်..။

" မရဘူးနော်..ထအခု.."

" တကယ်ခဏလေးပဲ ကိုယ်အရမ်းအိပ်ချင်နေလို့.."

" မထလဲနေခဲ့တော့ သွားတော့မယ်.."

စိတ်ဆိုးတော့မည့် အသံအနေအထားနဲ့
ဒါဟာ မီးနီပြနေတာပင်..ဒီအခြေအ‌နေမှ
မထရင် တစ်သက်လုံးချော့ရနိုင်ချေ
ရှိသည်..။

အိပ်နေရင်းကနေ အမြန်နှုန်းဖြင့် ထလိုက်ပြီး
အခန်းထဲကနေ ထွက်သွားဖို့အတွက်ပြင်နေသည့်
ကောင်လေးငယ်၏ခါးကို တင်းကျပ်စွာ
ဖတ်ထားလိုက်သည်..။

" ထပြီနော်.."

" အိပ်ပုတ်ကြီး.."

" အိပ်ပုတ်ပေမယ့်လည်း ဒီကကောင်လေးရဲ့
ရည်းစားလေးပဲဟာ.."

မျက်စောင်းပိစိလေးလှမ်းပြီးထိုးလာတော့
ငါသဘောကျစွာရယ်မိသည်..။ အခုမှ သိလိုက်ရတာဟာ စိမ်းပြာလေးဟာ အတော်လဲချွဲသလို
အတော်လေးလဲဆိုးတယ်ဆိုတာပင်..။

" Morning kiss လေးပေးပါဦး.."

နှုတ်ခမ်းကြီးထိုးပေးလာတာကြောင့်
လက်ဖြင့်ကာလိုက်သည်..။

" သွား အရင်မျက်နှာသွားသစ်..ညစ်ပတ်တယ်.."

" တစ်ခါပဲလေနော် ကိုယ့်ကောင်လေးဆီက
Morning kiss မရရင် တစ်နေကုန် အားတွေ
ပျက်နေသလိုပဲခံစားရတာ အဆင်မပြေနေဘူး
အချစ်ရယ်.."

" အပိုတွေ.."

" မပိုပါဘူး.."

ဒရမ်မာခင်းနေတဲ့ ကိုယ်တော်ချောရဲ့ပါးကို
အနမ်းခပ်ဖွဖွလေးတစ်ပွင့်ပေးလိုက်သည်..။

Il Mio Ragazzo È Italiano { COMPLETED }Where stories live. Discover now