အပေါ်ထပ်ကနေ ခပ်သွက်သွက် ပြေးဆင်းလာသည့်
ခြေထောက်သွယ်သွယ်လေး..။ ပုံစံကြည့်ရုံနဲ့တင်
သူဟာ အလျင်လိုနေမှန်း သိတာလွန်းသည်..။
မီးဖိုချောင်ထဲအရင်ဝင်ပြီး စားပွဲပေါ်က
တွေ့ကရာ ပေါင်မုန့်တစ်ချက်အား ပါးစပ်မှာ
ကိုက်ထားလိုက်သည် စားဖို့အတွက် မအားသေးပါ..။အဖြူရောင် bootsလေးအား ခပ်သွက်သွက်
ကြိုးချည်နေခဲ့သည်..ထို့နောက်.." မားရေ!! ကျွန်တော်သွားပြီ!.."
" ဂရုစိုက်နော်!
" ဟုတ်.."
စက်ဘီးထုတ်ပြီး စက်ဘီးပေါ်တက်ကာ
စတင်ပြီး အတက်နိုင်ဆုံး မြန်မြန်မောင်းမိသည်..။
ညနက်အထိနေပြီး မနက်အိပ်ရာထနောက်ကျတာ
တကယ်ရူးတာပဲ..။ပါးစပ်မှာကိုက်ထားသည့် ပေါင်မုန့်ကြောင့်
လမ်းက လူတွေဟာ ကြည့်သွားကြသည်..။
အနည်းငယ်ရှက်သွားပြီး စက်ဘီးအား
လက်တစ်ဖက်ဖြင့်မောင်းကာ ပေါင်မုန့်အား
အရင်ဦးဆုံး ကုန်အောင် စားလိုက်သည်..။အီတလီနေလာတာ မွေးထဲက ဆိုပေမယ့်
ဖြာထွက်နေသည့် နေရောင်အောက်မှာ
စက်ဘီးစီးရတဲ့ အရသာကတော့ ရိုးမသွားပေ..။ဆိုင်ကို မသွားခင် ဖုန်းပြင်ဆိုင်ကို ငါအရင်ဦးဆုံး
သွားရသည်..။ ဟိုတစ်နေ့က ရေထဲပြုတ်ကျပြီး
ဖုန်းဟာ ပြန်ဖွင့်မရတော့တာကြောင့် ဆိုင်ပို့ထားရသည်..။ အဲ့တာကြောင့် ဒီနေ့ပြန်သွားယူမလို့ပင်..။ဖုန်ူယူပြီး စက်ဖွင့်ရမရ စစ်ဆေးပြီး ပြန်ထွက်
လာခဲ့သည်..။ သက်ဘီးအား အတက်နိုင်ဆုံး
ခပ်မြန်မြန်နင်းမိနေသည်..။ ဆိုင်ဖွင့်ဖို့အတွက်
နောက်ကျနေပြီ မဟုတ်လား..။ဆိုင်ရောက်တာနဲ့ စက်ဘီးလေးအား ရက်ပြီး
ဆိုင်အားဖွင့်ဖို့အတွက် ပြင်ဆင်ရတော့သည်..။
ဝန်ထမ်းခန့်ဖို့တွေးထားပေမယ့်လည်း အဲ့တာအတွက်
အချိန်မရှိသေးတာကြောင့် သန့်ရှင့်ရေးအစက
ငါပဲ အကုန်လုံး လုပ်ရသည်..။မနက်စာကလည်း ပေါင်မုန့်တစ်ချက်ပဲဖြစ်တာကြောင့် ဗိုက်ကဆာနေသေးသည်..။ အဲ့တာကြောင့်
ကော်ဖီကိုသာ ဖျော်သောက်ဖို့အတွက် စဉ်းစား
လိုက်သည်..။ ကော်ဖီဖျော်နေတုန်း သူ့ကို
ငါသတိရမိသွားသည်..။
YOU ARE READING
Il Mio Ragazzo È Italiano { COMPLETED }
Fanfiction/ ချစ်ခြင်းအစ အီတလီက / GEMINI×FOURTH