လတ်ဆတ်လှသည့် ထိုလေထု..။ ထိုမြေကြီးနဲ့
ထိတွေ့ရတဲ့အရာတိုင်းဟာ ငါ့အတွက် အဖိုးတန်
လွန်းနေသည်..။မျက်နှာပေါ်ဖြာကျလာသည့် နေရောင်ခြည်ကြောင့်
ပူသော်လည်း စိတ်မပျက်သွားပဲ ငါပြုံးမိသည်..။လေယာဉ်ပေါ်ကနေ ဆင်းလာတာနဲ့ နာရီပေါင်း
များစွာကြာအောင် လေယာဉ်စီးခဲ့ရတဲ့ ပင်ပန်း
မှုတွေကလည်း အကုန်လုံးပျောက်ပယ်သွားခဲ့သည်..။နောက်တစ်ကြိမ်ခြေချမိပြန်ပြီ အီတလီ..။
__________________________________________1နှစ်..
သူများတွေအတွက်တော့ ဘယ်လောက်မျှ
မကြာပေမယ့် ငါ့အတွက်တော့ ဒီတစ်ခါ 1နှစ်ဟာ
5နှစ်နဲ့ ညီမျှသလိုပင် အရမ်းကို ကြာလွန်းတယ်..။မပြီးပြတ်နိုင်သည့် အလုပ်ကိစ္စတွေကြောင့်
အီတလီကို ငါဒီအတောအတွင်း ငါထပ်ပြီး
ပြန်မလာနိုင်ခဲ့ဘူး..။ငါပိုပြီး ကြိုးစားခဲ့တယ် ဒါမှ အီတလီကို
ငါထပ်ပြီး ခြေချခွင့်ရမှာမဟုတ်လား...။
အခုတော့ ငါမျှော်နေသည့် နေ့လေးက
နောက်ဆုံးတော့ ရောက်လာခဲ့ပြီပင်..။တစ်နှစ်တာအတောအတွင်းမှာ ငါစိမ်းပြာလေးနဲ့
ဖုန်းဆက်လိုက် စာပို့လိုက်နဲ့ပင်..။ ဒါပေမယ့်
အခုထက်ထိ အဆင့်မတက်သေးတာဟာ
ရင်နာစရာကောင်းလွန်းနေသည်..။ပြောဖို့ကြိုးစားလိုက်တိုင်း အဲ့အချိန်ကြရင်
ဘယ်လိုမှ ပြောမထွက်တော့တဲ့ ငါ့ရဲ့ပါးစပ်ကြောင့်
အခုထက်ထိဟာ သူငယ်ချင်းစည်းထဲမှာ
ရှိနေတုန်းပင်..။ထိုင်းမှာရှိနေတုန်း ဖုန်းဆက် စာပို့နဲ့ စကား
ပြောနေရပေမယ့် အလွမ်းတွေဟာ မဖြေသိမ့်
နိုင်ခဲ့ပါ..။ နေ့ရက်လိုလို လွမ်းဆွတ်နေမိသည်..။
ဒါကတော့ ငါ့ဆီမှာ အသစ်ရောက်လာတဲ့ ရောဂါ
တစ်မျိုးပေါ့ ဒီနေ့အဲ့ရောဂါဟာ ပျောက်တော့မယ်
ထင်ပါရဲ့..။စိမ်းပြာလေးဟာ သူ့အဖေဆီကနေ ထိုင်းစကား
အနည်းငယ် သင်ထားတယ်လို့ ငါ့ကိုပြောသည်..။
ငါလဲ အီတလီစကားသင်အုန်းမှပဲ..။လေယာဉ်ကွင်းထဲရောက်တော့ ပထမဦးဆုံး
ရှာမိတာ ငါ့ရဲ့တစ်ဦးတည်းသော စိမ်းပြာလေးကိုပင်..။ လာကြိုမယ်လို့ စိမ်းပြာလေးဟာ
ပြောခဲ့သည်..။ တကယ်လဲ လာခဲ့မယ်ဆိုတာကို
ငါအပြည့်အဝယုံကြည်သည်..။
YOU ARE READING
Il Mio Ragazzo È Italiano { COMPLETED }
Fanfiction/ ချစ်ခြင်းအစ အီတလီက / GEMINI×FOURTH