Ep-2

524 68 20
                                    

အီတလီ romeရဲ့ နေရာတော်တော်များများကို
လည်ပတ်ပြီးတဲ့ အခါမှာ ငါ ဟိုတယ်ကို
တန်းပြန်လာခဲ့သည်..။

ခေါင်းထဲမှာ ရွှေအိုရောင် ဆံပင်ကောက်ကောက်ကလေးဟာ အခုထိ စိုးမိုးနေတုန်းပင်..။
လမ်းတစ်လျှောက် တွေ့ခဲ့တဲ့ အီတလီလျံတွေထဲမှာ
အလှဆုံးဖြစ်မယ်ထင်တယ်..။

ဟိုတယ်ကို ရောက်သည်နှင့် reception မှာ
အစ်ကို ken ကိုတွေ့တာကြောင့် ငါမေးချင်တာ
တစ်ခါထဲမေးဖို့အတွက် ဦးတည်လိုက်သည်..။

" ပြန်လာပြီပဲ ဘယ်လိုလဲ.."

" ကျွန်တော်မေးစရာရှိလို့.."

" မေးလေ.."

" Romeမှာ နတ်ဘုရားတွေရဲ့ မျိုးနွယ်တွေဘာတွေများ နေသေးတာလား.."

" ဟမ်!.."

Kenသည် geminiမေး‌ခွန်းကြောင့် ကြောင်အ
သွားရှာသည်..။ တစ်ဆက်ထဲပင် ဘာများတွေ့ခဲ့လို့
ဘာလို့မေးတာလဲဆိုတာကို စဉ်းစားနေမိသည်.. ။
ဒါမှမဟုတ် ဓာတ်ပုံအရိုက်များပြီး ကြောင်သွားတာတော့ မဟုတ်ဘူးမလား..။

" ဘာတွေမေးနေတာလဲ.."

" အစ်ကိုဟာ ကျွန်တော်ပုံပြမယ်.."

ကင်မရာလေးထဲမှာ လျှပ်တပြတ်ရိုက်မိတာတောင်
လှနေသည့် ထိုအီတလီလျံလေး၏ ပုံလေးကို
ပြလိုက်တော့ အစ်ကို Kenဟာ ခပ်ဟဟရယ်သည်..။

" သူ့ကိုပြောတာလား.."

" အင်းဟုတ်တယ်လေ နတ်ဘုရားနဲ့မတူဘူးလား
အရမ်းလှလွန်းနေတယ်..သိလို့လား.."

" ဟင့်အင်းမသိဘူး ဒါပေမယ့် မင်းပြောလဲ
ပြောချင်စရာပါပဲ..ကောင်လေးကလှတော့လှတယ်.."

ခပ်ဟဟရယ်နေသည့် အစ်ကို Kenပုံစံကြောင့်
သိတာလားလို့ ထင်လိုက်မိပြီး မျှော်လင့်တကြီး
စောင့်စားနေပေမယ့်လည်း မျှော်လင့်ချက်တွေ
ရိုက်ချိုးလိုက်သလိုပဲ..။

" သူကျွန်တော့်ကို စကားတွေလာပြောမယ်.."

" အခုမှ တွေ့ဖူးတဲ့သူကိုလား.."

" အင်းဟုတ်တယ် တကယ်ရင်းရင်နှီးနှီးကို
လာပြောတာ..အီတလီလျံတွေက ဖော်ရွေတယ်ဆိုတာ
သိပေမယ့် အဲ့ကောင်လေးကတော့ အတိုင်ထက်လွန်တယ်.."

Il Mio Ragazzo È Italiano { COMPLETED }Where stories live. Discover now