EP-1

693 41 14
                                    

Unicode.....

''ရား.........ရှီးဘား''

''ဟားဟား ဒါပဲလေ''

ကွင်းပြင်ကျယ်ကြီးတစ်ခုထဲ၌ဘောလုံးကန်
နေကြသောမိန်းခလေးတစ်စု
ရှုံးသွားပုံရသောမိန်းခလေးအုပ်စုဘက်မှထွက်လာသောမကျေနပ်သံနှင့်အတူနိုင်သွားပုံရသောမိန်းခလေးအုပ်စုဘက်မှထွက်လာသောကျေနပ်အားရသံ

''ကဲ ဘယ်လိုလဲဂျပု ငါပြောပါတယ်နင်တို့ရှုံးမှာပါလို့''

''ချီးကိုဂျပုလား နင်တို့အရပ်ကလန်ကလားတွေနဲ့ပိတ်ပြီးကန်တာလေ အဲ့တာနင်တို့သက်သက်ညစ်တာ''

ဟုတ်တယ်လေ သူတို့ရဲ့ဓာတ်တိုင်နီးပါးအရပ်တွေနဲ့ဆူဂျီတို့ရှေ့ကနေပိတ်ပြီးကန်နေကြတာမရှုံးပဲနေတော့မလား

''နင်တို့ကိုကပုနေတာလေ တော်စမ်းပါရှုံးမဲမဲမနေပါနဲ့ ရှုံးရင်ရှုံးတယ်ပေါ့''

မျက်ခုံးတစ်ဖက်ကိုပင့်ကာ smirk ပြုံးပြုံးပြနေ
သည့်ရှေ့ကလောရှည်ကိုကြည့်ပြီးထုသတ်ချင်စိတ်တွေမှာတဖွားဖွား

''ဒီညစ်ပြီးကစားမှနိုင်တဲ့ဟာတွေနဲ့ပြောမနေပါနဲ့တော့ဆူဂျီရယ် လာသွားကြမယ်''

''ရား......အင်ယယ်ရင်း ဘာကိုညစ်တာလဲ ဟမ်''

ယယ်ရင်း ဆူဂျီ့ရဲ့လက်ကိုဆွဲပြီးထွက်သွားဖို့အလုပ် သူ့သူငယ်ချင်းလောရှည်အားကိုးနဲ့အနောက်ကနေထွက်လာတဲ့ဂင်ဒါယွန်း

''ညစ်လို့ညစ်တယ်ပြောတာ ဘာဖြစ်ချင်လဲ''

ဟုဆိုကာဝူရီ့စီမှထွက်လာသောအသံ
ဆူဂျီထင်ထားသည့်အတိုင်းဝူရီဝင်ဖြဲနေလေပြီ
ဘာလို့ဆိုဘဲ့ဟာရင်းတို့အဖွဲ့ထဲမှာဝူရီအမြင်ကပ်ဆုံးကဂင်ဒါယွန်းပင် ဂင်ဒါယွန်းကိုဆိုမြင်လိုက်တာနဲ့တင်မှုန့်ညှက်အောင်ထောင်းချင်နေတာဆူဂျီအသိဆုံး

''ရား......ဘန်းဝူရီ သည်းခံနေတာအကောင်းမှတ်မနေနဲ့''

''သည်းမခံတော့ရော ဘာဖြစ်ချင်လဲ''

''ဘာ ငါမလုပ်ရဲဘူးထင်နေတာလားဟမ် ငါလုပ်လိုက်ရင် အား.....အာ့...အာ့...သေပြီ သေပြီ
ဟာရင်းရေလုပ်ပါဦး''

ဟားဟား ဒါမှငါ့သူငယ်ချင်း
အဖွဲ့ထဲမှာဒေါသထွက်လာရင်လက်ရဲဇက်ရဲအရှိဆုံးဝူရီ့ကိုမှသွားစတာကိုး ဂင်ဒါယွန်း ဂင်ဒါယွန်းအရင်ကတည်းကဝူရီ့ကိုနိုင်ဖူးတာလဲမဟုတ်ပဲနဲ့အပိုတွေပြောနေသေးတယ် ဟင်းဟင်း......
ဆောင်းဆူဂျီရဲ့သူငယ်ချင်းပီသပါပေတယ်

မနိုင်စိန်လေးများWhere stories live. Discover now