Unicode...
''ဟိုနှစ်ကောင်ရေ ငါတို့ပေါ်ကဖယ်တော့ဟ''
''ဟမ် အင်းအင်း''
အောက်ကနှစ်ယောက်ကအော်နေပြီမို့ ဆူဂျီတို့နှစ်ယောက်သားခွာလိုက်ကာမတ်တပ်ထရပ်လိုက်သည် ဆူဂျီတစ်ယောက်ပါးလေးတွေနီရဲကာ ဟာရင်းမျက်နှာကိုစေ့စေ့မကြည့်ရဲသေး
''အမလေး....ငါ့ခါးကျိုးပြီလားတောင်မသိဘူး''
''နင်ကမှတော်ပါသေးတယ်ယယ်ရင်းရယ် ငါကအောက်ဆုံးမှာကိုကျတာ အာ့.........သေပါပြီ''
ခါးကြီးကိုင်ပြီး မျက်နှာကြီးရှုံမဲ့ကာညည်းနေကြသည့်အရှေ့ကနှစ်ယောက်ကိုကြည့်ရင်း ဆူဂျီသနားမိတာတော့မှန်ပေမယ့် ရယ်လဲရယ်ချင်မိတာကြောင့်မျက်နှာပိုးကိုမနည်းသတ်ထားရသည်
''ခိ ခိ ခိ''
ရယ်သံကြားလို့အားလုံးလှည့်ကြည့်လိုက်တော့ ဂင်ဒါယွန်းစီမှထွက်လာသောအသံ
''ရား...ဂင်ဒါယွန်း နင်ဘာရယ်တာလဲ''
''ချီးမို့ရယ်တာလား''
ခါးနာလို့ညစ်နေပါတယ်ဆို အရှေ့ကနေလာရယ်ပြနေသောဂင်ဒါယွန်းကြောင့် အင်ယယ်ရင်းနဲ့ဘန်းဝူရီတင်းပြီလေ
''နင်တို့ရုပ်တွေကရယ်စရာကြီးတွေလေ အဟားဟား''
ပြောလိုက်ကာမှအာပြဲကြီးအော်ရယ်နေသောဂင်ဒါယွန်းကြောင့် ဘန်းဝူရီတစ်ယောက်မျက်နှာကြီးပင်နီရဲလာသည်
''ချီးကိုရယ်စရာကြီးလား ရှိသမျှဒေါသတွေနင့်အပေါ်ပုံကျသွားမယ်နော် ဂင်ဒါယွန်း''
''အမယ် ကြောက်စရာကြီးတော့''
''ရား!!!!! ဂင်ဒါယွန်း''
''ဘာလဲ ဘာလဲ ပြော''
ဒီတစ်ခေါက်တော့ရန်ဖြစ်ဖို့အစပျိုးနေတဲ့သူတွေက ဆူဂျီနဲ့ဟာရင်းမဟုတ်တော့ပဲ ဒါယွန်းနဲ့ဝူရီပင်ဖြစ်နေလေသည်
''ဟိုအုပ်စုတွေ အဲ့တာဘာလုပ်နေကြတာလဲ''
အသံလာရာဘက်သို့အကုန်ခေါင်းလှည့်ကြည့်လိုက်တော့ မျက်မှောင်ကြီးကြုံကာရပ်ကြည့်နေသောကျောင်းအုပ်ကြီး ဟော......ပြောရင်းဆိုရင်းရပ်ကြည့်နေရာကနေဟာရင်းတို့စီတည့်တည့်ကြီးလျှောက်လာပါပြီ
