Unicode.....
''ကဲ ဘယ်လိုဖြစ်ကြတာလဲ ပြောပါဦး''
''.....''
''ဒီမနက်ပဲဂျူဆောင်းကျောင်းဘက်ကလာတိုင်သွားတယ် သူတို့ဘက်ကကျောင်းသူတစ်ယောက် နှာခေါင်းရိုးလည်းကျိုးသွားတယ် မျက်နှာတွေလဲယောင်ကိုင်းနေတာပဲတဲ့ ဘယ်သူလုပ်တာလဲမေးလိုက်တော့ ငါ့တူမတဲ့လေ''
''.....''
''ဟမ် ဒိုအာ ပြောပါဦး ငါဆူဂျီနဲ့ဟာရင်းကိုနင့်ထိန်းခိုင်းထားတာလေ အခုအဲ့နှစ်ယောက်ကမဖြစ်ပဲ ဘယ်လိုလုပ်နင်ကထဖြစ်ရတာတုန်း''
''.....''
''အဲ့ကျောင်းသူပြောတာကတော့ နင့်ဘက်ကနေသူ့ကိုအရင်ကိုယ်ထိလက်ရောက်လုပ်ခဲ့တာတဲ့ အဲ့တာသူက နင်တို့ဘက်ကပြန်တောင်းပန်တာကိုလိုချင်တယ်လို့ပြောနေတယ်''
''ဒီကိစ္စကသမီးလုံးဝမမှားတာမို့ လုံးဝမတောင်းပန်နိုင်ဘူးဒေါ်လေး သူတို့မှားတာ သူတို့ဘက်ကအရင်လာစတာ အဲ့တစ်ယောက်ကလည်း သူ့ဘက်ကအရင်ဒါယွန်းကိုတွန်းခဲ့တာ မယုံရင်ဆူဂျီတို့ ဟာရင်းတို့ကိုမေးကြည့်လိုက် သူတို့အကုန်မြင်တယ်''
ဒိုအာဆူနေတဲ့တစ်လျှောက်လုံး ခေါင်းငုံ့ပြီးငြိမ်လာခဲ့ပေမယ့် ဒီတစ်ခါတော့လုံးဝငြိမ်မနေနိုင်တော့ သူတို့ကိုဒိုအာတို့ကအရင်ကိုယ်ထိလက်ရောက်လုပ်ခဲ့တယ်ပြောရအောင် သူတို့ဘက်ကအရင်လာစခဲ့တာလေ သူတို့သာလာမစရင် ဒိုအာလဲဒီလောက်ထိလုပ်စရာအကြောင်းမရှိ နောက်ပြီးဒိုအာ့မှာတောင်းပန်ဖို့လဲစိတ်ကူးလုံးဝမရှိပေ
''ဆူဂျီနဲ့ဟာရင်း ဒိုအာပြောတာဟုတ်လား''
''ဟုတ်တယ်ဒေါ်လေး ဒီကိစ္စမှာဒိုအာမှန်တယ်''
''သမီးတို့နှစ်ယောက်တည်းပဲမဟုတ်ဘူး ကျန်တဲ့သူတွေပါအကုန်မြင်တယ်ဒေါ်လေး''
''ဟုတ်ပါတယ်ကျောင်းအုပ်ကြီး သမီးတို့အားလုံးမြင်တယ်''
ဆူဂျီနဲ့ဟာရင်းရော ကျန်တဲ့သူတွေပါဒိုအာ့ဘက်ကနေ ဝင်ပြီးကူပြောပေးနေကြတာမြင်တော့ ဒိုအာတကယ်ဝမ်းသာမိသည်
''ဒေါ်လေး ဒေါ်လေးပဲစဥ်းစားကြည့် သမီးရဲ့အတန်းသားတစ်ယောက်ကိုလာထိတာကိုသမီးကအတန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ဘယ်လိုလုပ်ပြီးဒီတိုင်းရပ်ကြည့်နေနိုင်မှာလဲဒေါ်လေးရဲ့''
![](https://img.wattpad.com/cover/366681285-288-k586503.jpg)