EP-6

255 28 27
                                    

Unicode.....

''ရား......ရှီးဘားးးးးးငါဟိုဂင်ဒါယွန်းကိုလုံးဝမကျေနပ်ဘူး''

''တော်ပါတော့ဟယ် နားတွေကိုငြီးးးးးးနေတာပဲ''

''ဟုတ်ပါ့ဟယ် တစ်လမ်းလုံးနားတွေလဲအငြိမ်ကိုမနေရဘူး''

ဘန်းဝူရီတစ်ယောက်မနက်ကကိစ္စကိုအစာမကြေဖြစ်ပြီး အိမ်ပြန်တဲ့တစ်လမ်းလုံးတွတ်တွတ်ထိုးနေတာမပြီးနိုင်တော့ပေ ဂျယ်ဟျောင်းနဲ့ဂျီအယ်ကငြိမ်နေနိုင်ပေမယ့် ဆူဂျီနဲ့ယယ်ရင်းမှာလုံးဝမခံစားနိုင်တော့

''ဟုတ်တယ်လေ မနက်ကဒင်းတို့ကြောင့်သာမဟုတ်ရင်အခန်းပြင်မှာမတ်တပ်ရပ်ရစရာအကြောင်းလုံးဝမရှိဘူး''

''မနက်ကကိစ္စကိုမနက်မှာပဲထားခဲ့စမ်းပါဟယ်''

ဆူဂျီ့မှာဒီနေ့ထူးထူးဆန်းဆန်းတရားပေါက်နေသလောက် ဆူဂျီ့ဘေးကဘန်းဝူရီကတော့လောင်မြိုက်လို့နေသည်

''လုံးဝမထားခဲ့နိုင်ဘူးဟာ နင်ပဲစဥ်းစားကြည့် ဒါဖြစ်သင့်လား ဖြစ်သင့်လား နောက်ပြီးနင်နည်းနည်းလေးတောင်ဒေါသမထွက်ဘူးလား''

''ထွက်တာတော့ထွက်တာပေါ့ဟယ် ဒါပေမယ့်ငါရန်မဖြစ်ချင်တော့ဘူး''

''အမယ်....အရင်ကအဲ့အုပ်စုကိုတွေ့ရင်ငါ့ထက်အရင်ဖြဲခဲ့တဲ့သူကများ''

ဝူရီပြောတာလဲဟုတ်ပါတယ် အရင်ကဆို​ဟိုအုပ်စုကိုမြင်တာနဲ့ပွဲဖြစ်ဖို့ရှေ့ဆုံးကချောင်းနေတဲ့သူကဆူဂျီပင် ဒါပေမယ့်ဒီနေ့​ရန်ဖြစ်ချင်စိတ်လုံးဝမရှိပေ ဘာကြောင့်မှန်းတော့မသိ

''အဲ့တာအရင်ကလေ နောက်ပြီးဒေါ်လေးကိုလဲကတိပေးထားတာရှိသေးတယ်လေ''

''အမယ် ကတိကြောင့်ရောဟုတ်လို့လားဟယ်''

မယုံသင်္ကာနဲ့ smirk ပြုံးကြီးပြုံးပြီးမေးလာသောဝူရီကိုဆူဂျီတစ်ယောက်စိတ်မရှည်တော့ပေ

''ဘာလဲ ​ကတိကြောင့်မဟုတ်လို့ ဘာကိစ္စကြောင့်ဖြစ်ရဦးမှာလဲ''

''မသိပါဘူး နင်ဟိုဘဲ့ဟာရင်းကိုများကြိုက်နေသလားလို့ပါ''

''ရား!!!!! ဘန်းဝူရီ နင်ရူးနေလား ငါကဘာလို့ဘဲ့ဟာရင်းကိုကြိုက်ရမှာလဲ''

မနိုင်စိန်လေးများWhere stories live. Discover now