Unicode...
''ရား....ဒါပဲကွ နောက်ဆုံးတော့ဝဋ်ကျွတ်ပြီ
ဟားဟား...''နောက်ဆုံးတော့တစ်ပတ်ဆိုတဲ့အချိန်ကိုကျော်လွန်လာခဲ့ပြီမို့ဟာရင်းမှာပျော်လို့မဆုံး
ဆူဂျီဘေးကလောရှည်ကိုတစ်ချက်လှည့်ကြည့်လိုက်သည် ဘဲ့ဟာရင်း ဘဲ့ဟာရင်း..... ပျော်နေလိုက်တာများမဖုံးနိုင်မဖိနိုင် ဘာပဲဖြစ်ဖြစ်ပါ ဝဋ်ကျွတ်သွားတာမို့ဆူဂျီလဲပျော်ပါတယ် နှစ်ယောက်သားလဲတစ်ပတ်လုံးလုံးအိမ်သာမှာသန့်ရှင်းရေးလုပ်ရင်း fresh air တွေရှူရလွန်းလို့ကျန်းမာရေးတွေလည်းရှယ်ညီညွတ်နေလောက်ပြီ
''ရား..ဆောင်းဆူဂျီ နင်ရောမပျော်ဘူးလား''
''ပျော်တာတော့မှန်ပေမယ့်နင့်လိုမျိုးတော့အိန္ဒြေမရဖြစ်မနေဘူးလေ''
''အမယ်......လူကြီးစတိုင်လ်လာဖမ်းပြနေတယ်''
အရင်နေ့တွေကနဲ့မတူ ဒီနေ့ကျမှအိန္ဒြေကြီးတစ်ခွဲသားနဲ့ဇွတ်တည်ငြိမ်နေသောဟာရင်းဘေးကဂျပုအားပိတ်ထုပစ်ချင်စိတ်တွေတဖွားဖွား
''ကဲကဲ ငါကတော့သွားပြီ နင့်ဘာသာလေကောင်းလေသန့်ဆက်ရှူချင်ရင်နေခဲ့လိုက်''
''ရှူစရာလား ငါလဲပြန်မှာပေါ့''
ဆူဂျီဟိုလောရှည်ကိုထိုသို့ပြောခဲ့ပြီးထွက်လာလိုက်သည် အိမ်ကိုပြန်တဲ့လမ်းမှာဆူဂျီ့နောက်ကိုတစ်ယောက်ယောက်လိုက်လာတယ်လို့ခံစားမိလို့နောက်လှည့်ကြည့်လိုက်တော့ ဟိုလောရှည်
''ရား.......နင်ငါ့နောက်လိုက်နေတာလား''
''တစ်လမ်းတည်းနေတဲ့ဟာကိုအတူသွားတော့ဘာဖြစ်လဲ နောက်ပြီးဒီလမ်းကနင်တစ်ယောက်တည်းပိုင်တာမှမဟုတ်တာ''
ဟုတ်ပါတယ် တကယ်တော့ဟာရင်းနဲ့ဆောင်းဆူဂျီကတစ်လမ်းတည်းနေတာပါ ဟာရင်းကဒီဘက်လမ်းထိပ် ဆောင်းဆူဂျီကဟိုဘက်လမ်းထိပ်မှာပါ အရင်နေ့တွေကတော့ တစ်ယောက်ကဒီဘက်လမ်းကပြန်ရင် တစ်ယောက်ကဟိုဘက်လမ်းကပြန်ကြတာပါ အဲ့လိုမပြန်လို့လဲမရဘူးလေ နှစ်ယောက်ကတွေ့တာနဲ့သတ်နေကြတာကိုး ဒီနေ့တော့ဟာရင်းဘာစိတ်ကူးပေါက်လဲမသိ ဟိုဂျပုပြန်တဲ့လမ်းကနေလိုက်လာမိသည်