Unicode...
''ကဲ........ဟိုနှစ်ယောက် ဘာပြောမလဲ''
''ဟဲဟဲ ဘာကိုလဲဟင်ဒေါ်လေး''
ဟုတ်ပါတယ် ဒေါ်လေးလို့ခေါ်လိုက်တာပါ
ဘဲ့ယွန်းကျောင်းရဲ့ကျောင်းအုပ်ကြီးကတခြားသူမဟုတ်ပါဘူး ဒိုအာရဲ့ဒေါ်လေးအရင်းခေါက်ခေါက်ပါ ဟာရင်းတို့ရဲ့ဒေါ်လေးလို့ပြောလဲမမှားပါဘူး ဘာလို့ဆိုဒိုအာတို့ဒေါ်လေးကဟာရင်းတို့ကိုဟိုးငယ်ငယ်လေးကတည်းကထိန်းလာခဲ့ရလို့ပါ ဒါကြောင့်လဲဒေါ်လေးကိုဆိုဟာရင်းတို့အကုန်လုံးကြောက်ကြရသည်လေ''ငါဒိုအာပြောပြလို့အကုန်သိပြီးပြီ မနေ့ကလဲ
နင်တို့နှစ်ယောက်သူများရပ်ကွက်ထဲသွားပြီးရန်ဖြစ်လာခဲ့ကြသေးတယ်ဆို ဟုတ်လား''ဆူဂျီနဲ့ဟာရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး နှစ်ယောက်အတူဒိုအာ့ဘက်သို့လှည့်ကြည့်လိုက်သည် ဒိုအာ့မှာဟိုနှစ်ယောက်သူ့ဘက်လှည့်လာတာမြင်တော့ချက်ချင်းအကြည့်လွှဲလိုက်လေသည် မဟုတ်ရင်ထိုနှစ်ယောက်ရဲ့
နင်္ဂါးမျက်စောင်းကြီးတွေကိုမြင်ပြီးအိမ်မက်ထဲအထိထည့်မက်နေမှာစိုးလို့ပင်''ဟဲ့!!! ဟိုနှစ်ယောက် ပြန်ဖြေဦးလေ ငါမေးတာဟုတ်လား''
''အမ်......ဟိုလေ.......အဲ့တာကလေဒေါ်လေး
ဟဲဟဲ..... အထင်လွဲစရာကိစ္စလေးတွေနည်းနည်းလေးရှိသွားရုံပါ သမီးတို့ရန်မဖြစ်ပါဘူးဒေါ်လေးရဲ့ ဟဲဟဲ........ဟုတ်တယ်မလားဆူဂျီ''''အမ်.......အော်......ဟုတ်ပါတယ်ဒေါ်လေးရဲ့
သမီးတို့ဘာရန်မှမဖြစ်လာခဲ့ပါဘူး ဟီးဟီး..........''ဒိုအာဒီဘက်ပြန်လှည့်ကြည့်လိုက်တော့ ဒေါ်လေးရှေ့မှာမို့လို့နှစ်ယောက်သားစိတ်မပါပေမယ့်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာရယ်နေကြသည် စိတ်မပါပဲပြုံးဖြီးနေတဲ့နှစ်ယောက်က
တကယ့်နွားပွဲစားရုပ်တွေအတိုင်းပင်''ရန်မဖြစ်လို့ပဲ ဒီမနက်ပန်းကန်တစ်ချပ်ထပ်ပိန်သွားပြန်ပြီလေ ငါသာဒီ့ထပ်နောက်ကျသွားလိုက်ရင်အရင်လကလိုအများကြီးထပ်ပိန်သွားဦးမှာ''
ဟုတ်ပါရဲ့ အရင်လကဆူဂျီနဲ့ဘဲ့ဟာရင်း ကန်တင်းမှာပွဲဖြစ်ခဲ့သေးတာ အဲ့တုန်းကဘေးနားမှာရှိတဲ့ပစ္စည်းတွေအကုန်လွှင့်ပစ်ပြီးနှစ်ယောက်သားသောင်းကျန်းခဲ့ကြတာ ကွဲခဲ့ပိန်ခဲ့တဲ့ပန်းကန်တွေမှမနည်းမနော အဲ့တုန်းကရန်ထပ်မဖြစ်တော့ပါဘူးလို့ ဒေါ်လေးကိုကတိပေးထားခဲ့ကြတာ
![](https://img.wattpad.com/cover/366681285-288-k586503.jpg)