EP-2

302 32 16
                                    

Unicode...

''မနေ့ကရပ်ကွက်လူကြီးသာမရောက်လာရင် ငါဟိုဆောင်းဆူဂျီကိုအမှောက်သိပ်ပြီးတာကြာပြီ''

ဒိုအာစာအုပ်ဖတ်နေရာကနေ ဘေးနားကတစ်လမ်းလုံးမပြီးနိုင်မစီးနိုင်လေကျယ်နေတဲ့ဘဲ့ဟာရင်းကိုမျက်စောင်းထိုးကာလှမ်းကြည့်လိုက်သည် မသိတဲ့သူကြားရင်တော့သူကပဲအ​ပီအပြင်တွေပွဲကြမ်းခဲ့သလိုလို....

''ဟင်း...........''

ဒိုအာသက်ပြင်းတစ်ချက်ချမိသည် ဒီအုပ်စုနဲ့လမ်းကြုံလိုက်လာခဲ့မိတာမှားပြီနဲ့တူတယ် နားတွေကိုပူနေတာပဲ

''မနေ့ကလူကြီးရောက်လာလို့သာအဲ့ဂျပုတော်တော်ကံကောင်းသွားတာ မဟုတ်ရင်တော့အဲ့ဆောင်းဆူ.......''

ဒိုအာဘေးကတစ်ယောက်ကိုတော်တော်အမြင်ကပ်လာသလို နားလဲတော်တော်ပူလာပြီ တကယ်ကိုမခံစားနိုင်တော့ပေ

''တော်စမ်းပါဟယ် ငါမြင်တာကတော့နင်ချည်းပဲခံနေရတာကို မသိရင်ခက်မယ်''

''အဲ့တာငါသူ့ကိုအလျှော့ပေးထားတာပါ ငါသာလုပ်ချင်တဲ့စိတ်ရှိရင်လက်တစ်ဆုပ်စာပဲ''

''အဲ့လက်တစ်ဆုပ်စာလုပ်လိုက်တာ နင့်ခေါင်းကအမွှေးတွေပြောင်မသွားတာတောင်ကံကောင်းတယ် သိရဲ့လား ပြီးတော့ ဆံပင်အဆွဲခံလာရတာကိုလူကြားကောင်းအောင်ပြောမနေပါနဲ့ဟယ် ဘေးနားကဖြတ်သွားတဲ့သူကြားရင်နင့်ကိုအထင်ကြီးနေဦးမယ် နောက်ပြီး ငါထင်တာမမှားဘူးဆိုဘောလုံးကန်တာကလဲနင်တို့အဖွဲ့ညစ်ပြီးကန်လာခဲ့တာပဲဖြစ်မှာ ငါပြောတာဟုတ်တယ်မလား''

ဒိုအာ့စကားမှာမှန်နေတော့ဘဲ့ဟာရင်းတို့တစ်ဖွဲ့လုံးခေါင်းလေးတွေကုတ်ကာဟိုကြည့်ဒီကြည့်နှင့်ဘာမှတောင်ပြန်မပြောနိုင်တော့ ဒိုအာသိတာပေါ့
ဟိုးအရင်ကတည်းကဘောလုံးကန်ပြီဆို
ဆောင်းဆူဂျီတို့ကိုနိုင်ဖူးတာမှမဟုတ်တာ
အခုနိုင်လာတယ်ဆိုကတည်းညစ်ပြီးကန်လာတာမှန်းဒိုအာသိနေပြီးသား

တစ်ဖက်မှာလည်း.......

''ဆူဂျီရား''

''အေး ပြော''

ဝူရီခေါ်တာကြားပေမယ့်လည်းဖုန်းအကြည့်မပျက်ပဲပြန်ဖြေလာတဲ့ဆူဂျီအား

မနိုင်စိန်လေးများWhere stories live. Discover now